Chapter 16

1.4K 325 16
                                    

[Unicode]

ဟိုင်ရှို့ သူလက်များပူလာသည်ဟု ခံစားရသည်ကြောင့် ဘောပင်ကိုင်ထားသည့်လက်ကို အလျင်အမြန် လွှတ်ချလိုက်သည်။

ဖမ်းဖေမှာတော့ အေးဆေးတည်ငြိမ်နေကာ မေး၏။

"ဘာဖြစ်လို့လဲ? မဆော့ချင်တော့ဘူးလား?"

ဟိုင်ရှို့ အသက်ပြင်းပြင်းရှူထုတ်လိုက်ကာ ဖမ်းဖေ၏မျက်လုံးများကို ရှောင်ဖယ်နေရင်း ပြောသည်။

"မင်း ..... အဲ့တာကို မင်းဘာမင်းရေးလိုက်တာ"

"ပေါက်ကရတွေ ၊ မင်း ဘောပင်နတ်သမီးရှိတယ်ဆိုတာ တကယ်ယုံတာလား?"

ဖမ်းဖေ ငြင်းလည်းမငြင်းသလို ဝန်လည်းမခံပဲ ပြုံးရုံသာပြုံးကာ ဘောပင်ကို ဘေးတစ်ဖက်သို့ချလိုက်သည်။

"ငါ ဂျူနီယာအထက်တန်းကျောင်းကတည်းက ဒီဂိမ်းကို
မယုံခဲ့တာ ၊ ငါဘာလို့ ဒါကိုဆော့လိုက်မိလဲဆိုတာကိုလည်း ငါတကယ်မသိဘူး"

သိသိသာသာပင် သောကရောက်နေသည့် ဟိုင်ရှို့ကို သူကြည့်လိုက်မိသည့်အခါ သူမရယ်ပဲမနေနိုင်တော့။

"အဲ့တာအပြင် ငါသဘောအကျဆုံးသူက မင်းလေ ၊ မင်းမသိဘူးလား?"

ဟိုင်ရှို့၏နှုတ်ခမ်းများသည် တုန်ယင်လာကာ သူစကားပြောချင်နေသော်လည်း ပြောမရခဲ့ပေ။

ဖမ်းဖေ ပြောသည့်သဘောကျသည်ဆိုသည်မှာ ဘယ်လိုသဘောကျမှုမျိုးကို ဆိုလိုချင်တာလဲ ဒါမှမဟုတ် အဲ့စကားရဲ့နောက်ကွယ်မှာ ဘာအဓိပ္ပာယ်ရှိလဲ ဆိုသည်ကို သူမသိချေ။

ဖမ်းဖေသည် ပျော်ရွှင်မှုများနှင့်ပြည့်နှင်နေသည့် သူ့မျက်ဝန်းများနှင့် ဟိုင်ရှို့ကို ငေးကြည့်နေသည်။

"မင်းဘယ်သူ့ကိုကြိုက်တာလဲဆိုတာလဲ မေးကြည့်ကြမလား?"

ဟိုင်ရှို့ ချက်ချင်းခေါင်းခါလိုက်သည်။သူသည် စိုးရိမ်ပူပန်နေပြီး ထိုအကြောင်းအရာအကြောင်း ဆက်ပြောလိုက်သည့်အခါ ပျာယာခတ်သွားတော့သည်။

ဖမ်းဖေသူ့အားစူးစိုက်ကြည့်နေကာ အပြုံးတစ်ပွင့်ဖြင့် မေး၏။

"ဘာဖြစ်လို့လဲ? မင်းစိတ်ဆိုးနေတာလား?"

ဟိုင်ရှို့ သူ့ခေါင်းကို မြန်မြန်ယမ်းပြသည်။ဖမ်းဖေအား
စိတ်မဆိုးကြောင်း ပြောရန်ယမ်းပြခြင်း ဖြစ်မည်ဟုထင်ရသော်လည်း တကယ်တော့ ...... ဟိုင်ရှို့မှာ ရုတ်တရက် ကိစ္စတစ်ခုကို နားလည်သဘောပေါက်သွား၍ ခေါင်းယမ်းလိုက်မိရုံသာ ဖြစ်သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now