Chapter 32

1K 250 43
                                    

[Unicode]

နောက်ဆုံးတော့ ကျောင်းသူကျောင်းသား ၁၃ ယောက်မှာ မူကျာရေပူစမ်းသို့ ရောက်ပြီဖြစ်၏။ဟိုင်ရှို့ ကားထဲမှ ထွက်လာသည့်အခါ သူ့မျက်နှာမှသည် နားရွက်အထိ နီတွတ်နေသည်။

စိတ်လှုပ်ရှားကာ ရှက်နေသော ဟိုင်ရှို့၏နှလုံးသားမှာ စောနက ကားထဲ၌ ဖုန်းဖေလုပ်ခဲ့သော လုပ်ရပ်ကြောင့် အပြင်သို့ ခုန်ထွက်လုနီးပါးပင်။ဖုန်းဖေသည် မယုံကြည်နိုင်လောက်အောင်ပင် အခြားသူ၏ရှေ့မှောက်၌ သူ့အား နမ်းခဲ့သည်။ဟိုင်ရှို့အတွက် ထိုကိစ္စမှာကို အရမ်းကို ရှက်ဖို့ကောင်းလွန်းသည်။ဟဲ့ဟော် မမြင်ဘူးဆိုလျှင်တောင် ခန့်မှန်းမိမည်မှာ သေချာပေါက်ပင်....

ဟိုင်ရှို့ကားထဲမှ ထွက်လာသည့်အခါ သူ့ခေါင်းကို ငုံ့ထားကာ ဟဲ့ဟော်နှင့် မျက်နှာချင်းမဆိုင်ရဲပဲဖြစ်နေသည်။

ဟိုင်ရှို့ကဲ့သို့ပင် နီရဲနေသော မျက်နှာနှင့် ကားထဲမှ ထွက်လာသူတစ်ဦးရှိပါသေးသည်။ ... ထိုသူမှာ အခြားလူမဟုတ်။ဟဲ့ဟော်ပင်ဖြစ်သည်။

ဟဲ့ဟော်လို အဖြောင့်တစ်ယောက်အတွက် ကားနောက်ခန်းက အဖြစ်အပျက်ကို အော်ဂလီဆန်စရာကောင်းသည်ဟု ခံစားသင့်သည်။သို့သော် သူနောက်ကြည့်မှန်မှ ကြည့်သည့်အခါတွင်လည်း ဘာကိုမှမမြင်ခဲ့ရကာ ဟိုဟိုဒီဒီအသံများကိုသာကြားခဲ့ရသည့်အတွက် ရှက်လာခြင်းဖြစ်သည်။

ဟဲ့ဟော် သူ့နှလုံးသား၏အနက်ရှိုင်းဆုံးတစ်နေရာမှ နာကျည်းသည်ဟု ခံစားရကာ ပူပန်သောကရောက်နေရ၏။

ဒီချီးလိုကိစ္စမျိုး ဘာဖြစ်လို့ သူ့မှာမှ ဖြစ်ရတာလဲ?!

ကားထိုးပြီးသည်နှင့် နီတွတ်တွတ်မျက်နှာဖြင့်သာ ဟဲ့ဟော် အမြန်လမ်းလျှောက်သွားလိုက်ပြီး တစ်ယောက်ယောက်မြင်သွားမည်ကို စိုးရိမ်နေသည်။

တစ်ဖက်တွင်တော့ ဖုန်းဖေမှာ ဘာမှမဖြစ်ခဲ့သယောင် ဟန်ဆောင်နေကာ ပုံမှန်အတိုင်းပင်။ သူသည် သူ့လွယ်အိတ်ကိုယူကာ ဟိုင်ရှို့ကို ခေါ်ပြီး ဝန်ထမ်းရေးရာဌာနထဲသို့ ဝင်သွားလိုက်သည်။

"မိန်းကလေးသုံးယောက်က အခန်းကြီးတစ်ခန်း ၊ အခြားသူတွေအတွက်က အခန်းကြီးမရှိတော့လို့ နှစ်ယောက်တစ်ခန်း ၊ ရတယ်ဟုတ်?"

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now