Chapter 17

1.3K 304 10
                                    

[Unicode]

သူတို့နှစ်ယောက် မနက် ၉ နာရီထိုးသည်အထိ အိပ်ပျော်သွားခဲ့သည်။

ဖမ်းဖေ အရင်နိုးလာပြီး သူလှုပ်လိုက်သည်နှင့် ဟိုင်ရှို့ပါ နိုးသွားသည်။

"မင်း မနေ့က ဘယ်အချိန်အိပ်တာလဲ?"

မေးပြီးပြီးချင်း ဖမ်းဖေ သမ်းဝေလိုက်ပြီး ထကာ ကြမ်းပြင်ပေါ်ရှိ သူ့အဝတ်အစားများကိုကို စက္ကန့်အနည်းငယ်လောက် ကြောင်ကြည့်နေသည်။ထို့နောက် သူ့ခေါင်းကိုလှည့်ကာ ဟိုင်ရှို့ကို ကြည့်ရင်း

"ငါ့အဝတ်တွေကို မင်းချွတ်ပေးတာလား ဒါမှမဟုတ် ငါဘာသာ ချွတ်တာလား?"

ဟိုင်ရှို့ သူ့မျက်လုံးကိုပွတ်နေပြီး ဖမ်းဖေမေးသည့်အခါ အပြစ်ရှိသလို ခံစားလိုက်ရသည်။

"ငါ .... ငါချွတ်တာ"

ဖမ်းဖေ လှောင်ပြုံးပြုံးကာ

"ငါအရက်မူးနေတုန်း မင်းအခွင့်ကောင်း မယူဘူးမလား?"

ထိုစကားကိုကြားသည့်အခါ အိပ်မှုန်စဝါးဖြစ်နေသည့်ဟိုင်ရှို့မှာ ချက်ချင်းအိပ်ချင်ပြေသွားတော့သည်။သူခေါင်းကိုငုံ့လိုက်ကာ ထပ်ပြီး စကားမပြောရဲတော့ချေ။

ဟိုင်ရှို့၌ တုံ့ပြန်မှုမရှိသည်ကို မြင်သည့်အခါ ဖမ်းဖေလည်း သိပ်စိတ်ထဲမထားတော့ပေ။သူ ပြင်သစ်ပုံစံပြတင်းပေါက်ဆီလျှောက်သွားကာ အပြင်ဖက်သို့ ကြည့်ရန် လိုက်ကာကိုဆွဲတင်လိုက်သည်။သူ မျက်မှောင်ကြုတ်လိုက်ရင်း ခေါင်းကိုယမ်းသည်။

"ကားလမ်းနှင်းဖုံးသွားပြီ .... ငါတို့ ဒီနေ့ ကားသုံးလို့မရလောက်ဘူး"

ဟိုင်ရှို့ သူ့နားလျှောက်လာကာ ပြတင်းပေါက် အပြင်ဖက်ကို ကြည့်လိုက်သည်။အပြင်ဖက်ရှိ အခြေအနေကိုမြင်သည့်အခါ သူအံ့သြသင့်သွားသည်။

"နှင်း ..... နှင်းတွေအများကြီးပဲ!"

ညတုန်းက နှင်းများပြင်းထန်စွာကျခဲ့ရာ လမ်းမကြီးသည်ခြေဖဝါးတစ်ဝက်စာလောက်ရှိသည့်နှင်းများဖြင့် ဖုံးလွှမ်းနေသည်။ထို့ကြောင့် သူတို့ ကားသုံးလို့မရတော့ပေ။ဖမ်းဖေ ဖုန်းကိုဖွင့်ကြည့်လိုက်သည့်အခါ အန်တီကြီးဆီမှ မက်ဆေ့ပေါင်းများစွာ ပို့ထားသည်ကိုတွေ့လေသည်။သူ ကူကယ်ရာမဲ့စွာ ပြုံးကာ

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now