Chapter 20

1.2K 315 13
                                    

[Unicode]

ဟိုင်ရှို့၏မျက်လုံးများသည် ဝိုင်းစက်သွားကာ သူ့စိတ်သည်လည်း ဗလာဖြစ်သွားသည်။

သေချာတာပေါ့ ဒါဂိမ်းရဲ့ပြစ်ဒဏ်မှန်းဟိုင်ရှို့သိပါသည်။ဒါကြောင့်လည်း သူ့ကိုယ်သူရှုံးခွင့်မပြုခဲ့တာပေါ့ ၊ သူမရှုံးချင်ခဲ့တာကြောင့် သူနောက်ဆုံးထိအနိုင်ရအောင် ဆော့ခဲ့သည်။သို့သော် ဖမ်းဖေ သူ့ကို တကယ်ကြီးနမ်းလာမည်ဟုတော့ မျှော်လင့်မထားခဲ့ပေ!

အစက သူနောက်ဆုံးတစ်ခေါက်က ဖမ်းဖေအား ခိုးနမ်းခဲ့သည့်အတိုင်း ဖမ်းဖေက သူ့ပါးကိုသာ နမ်းမည်ဟုထင်ခဲ့သည်။သို့သော် ဖမ်းဖေသည် နည်းနည်းလေးပင် တွေဝေခြင်းမရှိပဲ သူ့ကိုဖိကာ နှုတ်ခမ်းကို တိုက်ရိုက်နမ်းလာခဲ့သည်။

ဟိုင်ရှို့ ကြက်သေသေနေကာ ကြောက်နေသည်။သူ့မသိစိတ်အရ ဖမ်းဖေဆီမှ အကာအကွယ်နှင့် သက်သောင့်သက်သာရှိစေရန် သူလက်ကိုမြှောက်လိုက်သည်။သို့သော် သူ့လက်သည် ဖမ်းဖေဆီသို့မရောက်ခင် ဖမ်းဖေသည် သူ့လက်ကို ဆွဲဖမ်းလိုက်ကာ ဆိုဖာပေါ်သို့ ဖိလိုက်၏။ဖမ်းဖေ ထင်လိုက်သည်က ဟိုင်ရှို့သူ့အား တွန်းထုတ်လိုက်မည်ဟုပင်။

ဟိုင်ရှို့နှင့်ယှဥ်လျှင် ဖမ်းဖေမှာ တကယ်ပင် စိတ်ထဲ၌ဝန်လေးနေသည်။

သူ ဟိုင်ရှို့အား အကြာကြီးနမ်းချင်သည်။

အစက ဖမ်းဖေသည် ဟိုင်ရှို့နဖူးကိုသာနမ်းမည်ဟု စိတ်ကူးထားသော်လည်း ဟိုင်ရှို့၏အဖြေက သူ့အား စိတ်လှုပ်ရှားလာစေသည် ... ပြီးတော့ ဟိုင်ရှို့က ပြစ်ဒဏ်အတွက် တကယ်ပဲကြိုးစားခဲ့လေသည်။

ဖမ်းဖေ၏မျက်လုံးထဲ၌ ထိုကလေးက သူ့အား ကာကွယ်ခြင်းအလျင်းမရှိပဲ ခွင့်ပြုထားခြင်းဖြစ်သည်ဟု မြင်သည်။

အကယ်၍ ဟိုင်ရှို့၏ နဖူးကိုသာနမ်းခဲ့လျှင် သူလုံလောက်မည်မဟုတ်ချေ။ထို့အပြင် ဖမ်းဖေသည် အရာအားလုံး၌ အမြတ်ထုတ်တတ်သည့်သူမျိုးဖြစ်နေသည်။

သို့သော်လည်း လူအများအပြားကြည့်နေသည်ကြောင့် ဖမ်းဖေ အနမ်းကို မနက်ရှိုင်းစေပဲ ညင်ညင်သာသာဖြင့် ဟိုင်ရှို့၏နူးညံ့သော နှုတ်ခမ်းကို ထိကပ်ရုံသာနမ်းခဲ့သည်။ဖမ်းဖေသည် သူ၏အမူအရာကိုချုပ်တည်းထားသည်။အကြောင်းမှာ ဟိုင်ရှို့သည် ကြောင်တောင်တောင်ဖြစ်နေပြီး နည်းနည်းလေးမှ မတုံ့ပြန်သောကြောင့်ဖြစ်သည်။သို့သော် ထိုခံစားချက်သည် ဖမ်းဖေအတွက်တော့ ဟိုင်ရှို့ကို အိမ်သို့တန်းပြန်ခေါ်ချင်စိတ်ပေါက်လောက်အောင်အထိ ကောင်းလွန်းသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now