ကျောင်းသို့ အမြန်ပြန်သွားရာ နောက်တစ်ချိန်မစခင် မိနစ်အနည်းငယ်အလို၌ ကျောင်းရောက်သွားသည်။
ဖမ်းဖေ အပေါ့သွားရန် အိမ်သာသွားစဥ် ဟိုင်ရှို့မှာ တစ်ယောက်ထဲ အတန်းထဲသို့ ပြန်သွားသည်။
အပေါ့သွားနေစဥ် ကျောင်းသားအများစု ဝိုင်းကာ တိုးတိုးသက်သာဖြင့် တစ်ခုခုကို တိုင်ပင်နေကြသည်။
အာရုံခံကောင်းသောသူ့နားအကူအညီဖြင့် ဖမ်းဖေ အသက်ရှူအောင့်ကာ ခဏနားထောင်ကြည့်လိုက်သည်။ထို့နောက် သူ လူယုတ်မာပြုံးပြုံးကာ သူ့ဘောင်းဘီဇစ်ကို ဆွဲတင်လိုက်ပြီး အတန်းထဲပြန်မသွားခင် လက်ဆေးလိုက်သည်။
နေ့လည်ခင်း၌ စာသင်ချိန်တစ်ချိန်သာ ရှိကာ ကျန်သည့်အချိန်မှာ ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်သည်။ပြီးခဲ့သည့်အပတ်က ဖမ်းဖေမှားခဲ့သည့်ပုစ္ဆာများနှင့် မပြီးသေးသော ပုစ္ဆာများကို ဖမ်းဖေ သူဘာသူ ကြည့်ရင်း တွက်လို့ရစေရန် ဟိုင်ရှို့ စုစည်းပေးနေသည်။
သူတို့အတွက် တစ်ပတ်တစ်ခါ လုပ်ရန် လိုအပ်သည့်အိမ်စာများရှိသည်။
ဟိုင်ရှို့ အခုလုပ်ပေးနေသည့် ကျေးဇူးကြောင့် ဆရာဆရာမများကို အိမ်စာအပ်နိုင်ပြီး ကွက်လပ်ဖြည့်မေးခွန်းများကိုလည်း ဖြေနိုင်ကာ ဘာသာရပ်အသီးသီးမှ ဆရာဆရာမများအား အလွယ်တကူစာမေးနိုင်သည်။မေးခွန်းစာရွက်များသည် အလျှံအပယ်ရှိသည်ကြောင့် ဆရာဆရာမများက မတွန့်တိုပေ။သူ ကွက်လပ်ဖြည့်မေးခွန်းတစ်ခါဖြေပြီးတိုင်း ဖမ်းဖေချန်ခဲ့သည့်နေရာနှင့် အမှားပါသည့်နေရာများကို အမှတ်အသားလုပ်ကာ နောက်တစ်ပတ်၌ပြန်လုပ်ရန် ပြင်ပေးထား၏။ထို့နောက် နောက်တစ်ပတ်ပြန်ရောက်သည့်အခါ စစ်ပြီးသားစာရွက်ကိုပေးပြီး ဖမ်းဖေကို ပြန်ပြီး အမှားပြင်စေသည်။
ဟိုင်ရှို့၏အတွေးမှာတော့ မေးခွန်းစာရွက် ၁၀၀ တွင် အမှားတစ်ခုပင် မရှိစေချင်။စီနီယာအထက်တန်းကျောင်းတွင် ကွက်လပ်များအကုန်ဖြည့်နိုင်ကာ အဖြေမှန်ခြင်းက အရေးအကြီးဆုံးဖြစ်သည်။သို့သော်လည်း အစတုန်းက ဖမ်းဖေစာရွက်များ၏တစ်ဝက်လောက်မှာ အဖြေပါမလာပေ။လအနည်းငယ်ကြာပြီးနောက် အဖြေမပါလာသည့် စာကြောင်းရေးမှာ တဖြည်းဖြည်းနည်းလာပြီး ကိုင်တွယ်ရန် လွယ်လာသည်။
YOU ARE READING
ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]
RomanceAuthor - Man Man He Qi Dou Status - 90 chapters+ 3 extras Type - web novel I own nothing of this novel. This is just a fan translation and this is not for commercial. All credits go to the orginal author.