Chapter 29

1K 253 12
                                    

[Unicode]

အခန်း ၁ စာသင်ခန်း၏အပြင် အလယ်လျှောက်လမ်းနှစ်ဖက်လုံး၌ မတ်တပ်ရပ်နေကြသည့် ကျောင်းသားကျောင်းသူအုပ်စုတစ်စုကို ဖမ်းဖေမြင်သည်။ထိုသူတို့မှာ စောစောတုန်းက ဘရိတ်ဆွဲချခဲ့သည့် သတ္တိရှိသည့်သူများဖြစ်၏။

ထိုထဲမှ ကျောင်းသားအချို့မှာ စိတ်မချမ်းမြေ့စွာ စိတ်ပျက်လက်ပျက်ပုံစံဖြင့် မတ်တပ်ရပ်နေကြသည်။

တစ်ဖက်တွင်တော့ အခုလေးတွင် နမ်းခဲ့သော အနမ်း၏အရသာကို ခံစားနေရဆဲဖြစ်သည့် ဖမ်းဖေမှာ လန်းဆန်းတက်ကြွနေကာ သက်သောင့်သက်သာဖြစ်နေ၏။

"ဖမ်းဖေ!"

ဘေးခန်းရှိ အတန်းခေါင်းဆောင်က အိမ်သာရှေ့ရပ်ကာ ဖမ်းဖေကို ခေါ်လိုက်သည်။

"နောက်တစ်ပတ် ခရစ်စမတ်ပိတ်ရက် အပြင်ထွက်လည်ရအောင်လေ"

ပြီးခဲ့သည့် တစ်ခေါက်က ဖြစ်ရပ်ကို စဥ်းစားပြီး ဟိုင်ရှို့ လူတွေနှင့် ထိတွေ့လို့ရပြီဟု ဖမ်းဖေထင်သည်။သူ ရပ်လိုက်ကာ မေးသည်။

"ဘယ်သွားမှာလဲ ၊ ဘယ်သူတွေပါဦးမှာလဲ"

"မူကျာ ရေပူစမ်း"

အတန်းခေါင်းဆောင်က နွေးထွေးစွာဆိုသည်။

"အတူတူသွားရအောင်ပါ ၊ ဟဲ့ဟော်နဲ့ မင်းသူငယ်ချင်းနည်းနည်းပါခေါ်ခဲ့လေ ၊ ငါတို့ နေ့နေ့ညည စာလုပ်နေရတာ အပြင်ထွက်လည်ပြီး မဆော့ရသေးဘူးမလား ၊ ငါတစ်ယောက်တည်းသွားရမှာကျ ပျင်းလို့"

ထိုရေပူစမ်းကို ဖမ်းဖေ အရင်က ရောက်ဖူးကာ ပတ်ဝန်းကျင်မှာ အတော်လေး ကောင်းသည်။ဖမ်းဖေ ဟိုင်ရှို့အကြောင်းတွေးကာ ပြောသည်။

"ငါ သူငယ်ချင်းနဲ့အတူတူလိုက်ခဲ့လို့က ရပါတယ် ၊ ဒါပေမဲ့ ငါတို့ ညဘက်အထိတော့ အတူတူမနေတော့ဘူး ၊ အဲ့နေ့ပဲ ငါတို့ အိမ်တန်းပြန်လိုက်မယ်"

"ဘာလို့ ညလုံးပေါက် မနေတာလဲ?"

အတန်းခေါင်းဆောင်က ထူးဆန်းသည့်အပြုံးဖြင့်

"ငါက ညလုံးပေါက်နေမှာ ၊ ဘာလို့လဲဆိုတော့ အဲ့ရက်ရဲ့ နောက်တစ်ရက်က တနင်္ဂနွေနေ့လေ"

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now