Chapter 35

1K 235 10
                                    

<Unicode>
ခရစ်စမတ်ပြီးသွားသည့်အခါ ဖုန်းဖေ ကျောင်းနှစ်ရက်တက်၍ ခွင့်တင်သွားသည်။

အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်စေကာမူအချို့ အရေးကြီးကိစ္စများအတွက် ခွင့်ပေးဆဲဖြစ်သည်။နီမေလင်းသည်လည်း အခြေအနေကို သဘောပေါက်သွားသည်နှင့် ဘာမှမပြောပဲ တန်းခွင့်ပေးလိုက်၏။

ဖုန်းဖေ ခွင့်သွားတိုင်တော့မည့်အချိန် ဟိုင်ရှို့သည်အတန်းထဲ၌ နေခဲ့သည်။ဖုန်းဖေ အတန်းရှေ့၌ ခေတ္တမျှ မတ်တပ်ရပ်နေပြီးနောက် သူဖုန်းကို ထုတ်ကာ ဟိုင်ရှို့ပုံတစ်ပုံရိုက်လိုက်သည်။ပြီးခါမှ သူ့ပြုံးပြီး နောက်သို့လှည့်ကာ အောက်သို့ ဆင်းသွားသည်။

ဖုန်းဖေ သွားပြီးနောက် ဟိုင်ရှို့မှာ တစ်ရက်က တစ်နှစ်လောက်ကြာသလိုပဲဆိုတာ ဘယ်လိုမျိုးလဲ နားလည်သွား၏။

မနက်ခင်း စာကြည့်ချိန်မှစ၍ အရှက်မရှိခုံပေါ်၌ လှဲကာ စာဖတ်မည့်သူမရှိတော့ပေ။ထို့ကြောင့် ဟိုင်ရှို့ ကျင့်သားရအောင် လုပ်ရမည်ဖြစ်သော်လည်း သူ့အတွက် အနှီ စာကြည့်ချိန်က အရမ်းကြာနေသလိုပင်ဖြစ်နေသည်။

ဖုန်းဖေသည် နေ့တိုင်း ဝီရိယရှိသော်လည်း ကိုယ်ပိုင်စာကြည့်ချိန်၌ အမြဲအိပ်ငိုက်လေ့ရှိသည်။သူသည် မနေ့က အိမ်စာမပြီးခဲ့သော် ဒီကနေ့ ပြီးကိုပြီးအောင်လုပ်သော်လည်း ထိုသို့မှအိမ်စာမရှိလျှင် စားပွဲပေါ်သို့ စာအုပ်တစ်အုပ်တင်ကာ ထိုပေါ်သို့ ခေါင်းအုံးအိပ်လေ့ရှိသည်။အနှီအကျင့်မှာ အရမ်းဆိုးသည်။သူတို့သည် စာမေးပွဲအောင်လိုလျှင် ပြင်ပဗဟုသုတကိုသာ မှီခိုလို့မရကာ ကိုယ်ပိုင်စာကြည့်ချိန်မှာလည်း အလွန်အရေးကြီးလှသည်။

ဖုန်းဖေနှင့် ဟိုင်ရှို့ ဒီလောက်ထိ မရင်းနှီးခင်ကတော့ ဟိုင်ရှို့သည် ဖုန်းဖေနားနားသို့ကပ်ကာ စာရွတ်ရွတ်ပြသည်။နောက်ပိုင်း သူတို့ အရမ်းရင်းနှီးလာသည့်အခါ ဖုန်းဖေမှာ နာခံတတ်မှန်း သူသိလိုက်ရသည်။ဟိုင်ရှို့ သူ့အား တံတောင်ဖြင့်ဖြေးဖြေးလေး တွတ်လိုက်သည်ဖြစ်စေ ဖုန်းဖေကို သေချာထိုင်အောင် တို့လိုက်သည်ဖြစ်စေ သူသည် ဟိုင်ရှို့ကို မျက်ခုံးတွန့်ကြည့်ကာ စာဖတ်လိမ့်မည်ဖြစ်သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now