Chapter 5

2.1K 450 2
                                    

[ Unicode]

အတန်းတက်နေစဥ် ဖုန်းဖေ ဝါသနာအပါဆုံးအလုပ်မှာ ပြတင်းပေါက်ဘက်သို့ ငေးကြည့်ခြင်းဖြစ်သည်။ယခု သူသည် ပြတင်းပေါက်ဘေး၌ မထိုင်ရတော့၍ ဟိုင်ရှို့ကိုသာ ကြည့်နိုင်တော့သည်။

သို့ဖြစ်၍ ဟိုင်ရှို့သည် ဖုန်းဖေသူ့အားကြည့်နေသည်ကိုမြင်တိုင်း မျက်နှာပူရ၏။သည်းမခံနိုင်တော့သည့်အဆုံး သူသည် စာရေးကာ သူ့ကိုအမြဲတမ်းကြီးကြည့်မနေပါရန် ဖုန်းဖေကို ပြောရတော့သည်။သူ ပုံမှန်မဟုတ်သည့်အကြောင်း ဖုန်းဖေသိသွားမည်ကို ခွင့်ပြုမည်မဟုတ်။

ဖုန်းဖေသည် ယခု လျှောက်လမ်းဘေးတွင်ထိုင်ရသည်ကြောင့် ဖုန်းထုတ်သုံးရန်လည်း အဆင်မပြေတော့။သူသည် ဖတ်စာအုပ်ကိုသေချာလိုက်ကြည့်ရန်နှင့် စာသင်ကြားမှုကို သေချာလိုက်နားထောင်ရန်သာတတ်နိုင်တော့သည်။ထို့ကြောင့် သူ၏စာမေးပွဲရလဒ်များသည် အရင်ကထက် ပိုတိုးတက်လာလေသည်။

ဖုန်းဖေသည် ထိုရလဒ်များကို တကယ်ဂရုမစိုက်ခဲ့သလို အရမ်းကြီးလည်း ပျော်မနေခဲ့ပေ။သို့သော် နီမေလင်းသည် သဘောကျနေကာ အတန်းထဲတွင်ပင် သူကိုချီးကျူးပေးသည်။ထို့သို့ချီးကျူးပေးခြင်းက ဖုန်းဖေကို ပိုငြိမ်သက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ပထမတော့ ဟိုင်ရှို့နေရာပြောင်းသွားစဥ်တွင် ကျောင်းသားကျောင်းသူအချို့နှင့် ဆရာဆရာမများသည် သူ၏အရည်အချင်းကျသွားမည်ကို စိတ်ပူခဲ့သည်။သူတို့ယူဆချက်နှင့် ဆန့်ကျင်စွာ ဟိုင်ရှို့၏အရည်အချင်းမှာ တည်ငြိမ်နေပြီး အားလုံးကိုခြုံငုံကြည့်လိုက်လျှင် သူ၏စာမေးပွဲရလဒ်များမှာ ပို၍ပင်တိုးတက်လာသေးသည်။

ဘယ်သူမှ ဖုန်းဖေကို ဝေဖန်စကားမဆိုနိုင်တော့။အကြောင်းမှာ သူသည် ဂျူနီယာအထက်တန်းကျောင်းကိုတက်ခဲ့စဥ် အမည်းရောင်စွန်းထင်းသည့် မှတ်တမ်းရှိခဲ့ဖူးကာ ကျောင်းစည်းကမ်းများကို မကြာခဏချိုးဖျက်ခဲ့သည်ကြောင့်ပင်။သူ့တွင် မျက်နှာသာအပေးခံရနိုင်သည့် နောက်ခံအသိုင်းအဝိုင်းမျိုးရှိပြီး ဆွေမျိုးတစ်ယောက်သည် ပညာရေးဌာနတွင် အလုပ်လုပ်နေသည်ကြောင့်ဆရာဆရာမများသည် သူ့အား အလေးပေးပြီးနေရာတစ်ခုခြားကာ ဆက်ဆံကြသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now