chapter 43

836 182 7
                                    

<Unicode>
ဖုန်းဖေ ဟိုင်ရှို့အား အောက်ထပ်သို့ ဆွဲခေါ်သွားကာ သူတို့အိမ်ပြန်ရန်အတွက် တက္ကစီငှားလိုက်သည်။

တက္ကစီပေါ် တက်လိုက်သည်နှင့် နှစ်ယောက်သား အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသည်။ဖုန်းဖေက တစ်ချိန်လုံး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေခဲ့ကာ သူ၏အမူအရာအား ဟိုင်ရှို့ကို ပေးမမြင်ရာ ဟိုင်ရှို့၏နှလုံးသားအား လေးလံသွားစေသည်။သူပါးစပ်အား အကြိမ်အကြိမ် ဖွင့်လိုက်သော်လည်း နောက်ဆုံးတွင်တော့ တစ်ခွန်းမျှ ပြောနိုင်စွမ်းမရှိခဲ့ချေ။ဟိုင်ရှို့ စိတ်ထဲတွင် ထင့်သွားသည်။ဖုန်းဖေ ဒေါသထွက်နေတာလား။ဒါမှမဟုတ် သူ့မိသားစုကိစ္စတွေက ရှုပ်ထွေးလွန်းတယ်လို့ ထင်နေတာလား။ဒါမှမဟုတ်ရင် သူ့အဖေက ဖုန်းဖေကို မနှစ်မြို့ဖြစ်စေခဲ့လို့များ ဖုန်းဖေကသူ့ကို ဒီထက်ပိုပြီး အာရုံမစိုက်ချင်တော့တာလား...

ဟိုင်ရှို့ နှုတ်ခမ်းစုဝိုင်းလိုက်ကာ သူ့လက်ကို ဖုန်းဖေ၏ လက်မောင်းပေါ်တွင် ညင်သာစွာ တင်လိုက်ပြီး တိုးတိုးကလေး ပြောလိုက်သည်။

"ဖုန်းဖေ..."

"ဟမ်?"

ဖုန်းဖေ ခေါင်းလှည့်လာသည်။သူက လက်သီးတို့ကို ဆုပ်ထား၏။သူ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ တုန်ယင်နေပြီး သူ့ပုံစံမှာ အနည်းငယ်မူမမှန်ဖြစ်နေကာ အနည်းငယ် ကြောက်စရာ ကောင်းနေသည်။

"ဘာ....ဘာဖြစ်လို့လဲ?"

ဟိုင်ရှို့ မျက်မှောင်ကြုတ်လိုက်သည်။

"စောနကအတွက် ကျေးဇူးတင်ပါတယ်...ဖုန်းဖေ?"

“ဖွီး..."

ဖုန်းဖေ သူ့ဘာသာသူမထိန်းနိုင်ဘဲ အမှတ်မထင် အနည်းငယ် ရယ်မိသွားသည်။ချက်ချင်း သူအသက်နက်နက် ရှုသွင်းလိုက်ကာ သူ့မျက်နှာတွင်  ပေါ်လာချင်နေသော အပြုံးကို ဖုံးဖိနေလိုက်သည်။သူ့မျက်နှာပေါ်ရှိ လေးနက်သောအမူအရာကို သူထိန်းရုံမျှသာ ထိန်းနိုင်ခဲ့၏။

"မင်းပြောနေတာ..."

ဟိုင်ရှို့ ဖုန်းဖေကို ကြည့်နေကာ မထုံတက်သေးအမူအရာနှင့် မနေနိုင်ဘဲ သူပါလိုက်ရယ်မိသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now