Chapter 38

983 219 20
                                    

<Unicode>
ဟိုင်ရှို့ မျက်နှာမှာ နီမြန်းနေ၏။သူ ကုတင်ပေါ်ထိုင်နေရင်း လက်နှစ်ဖက်နှင့် ဖုန်းကို ကိုင်ထားလေသည်။ပင်အပ် သို့မဟုတ် အပ်ချောင်းများပေါ်ထိုင်နေရသကဲ့သို့ မနေနိုင်ဘဲ ထိုင်လိုက်ထလိုက်အကြိမ်ကြိမ်လုပ်နေမိရာ ဆန်ဗူးထဲ ထောင်ဖမ်းခံလိုက်ရသော ကြွက်ပေါက်စလေးနှင့် တူနေသည်။

သူ သောကရောက်နေကာ ဖုန်းဖေ၏တောင်းဆိုချက်ကို ဘယ်လို ရင်ဆိုင်ရမယ်မှန်းမသိဘဲဖြစ်နေသည်။ဟိုင်ရှို့ သူ့ကိုယ်သူ ကြည့်ရန် မှန်ရှေ့သို့ သွားနေရင်း ဖုန်းဖေမှာ သူ့အပေါ်အရမ်းကောင်းကြောင်း တွေးနေသည်။ဖုန်းဖေမှာ ဆက်ဖီရိုက်လေ့မရှိသော်လည်း
ခွင့်ရက်ရှည်ယူပြီးကတည်းက အချိန်တိုင်း အချိန်တိုင်း ဆက်ဖီရိုက်လေ့ရှိလာသည်... ထို့အပြင် ဤအရာမှာ ဟိုင်ရှို့အတွက်ဆိုတာ ထင်ရှားသည်။

ဖုန်းဖေ ဟိုင်ရှို့သူ့အား အရမ်းလွမ်းနေမည်ကို သိသည်ကြောင့် အမြဲတမ်းသူ့ကို ဆက်သွယ်ကာ သူပျော်ရွှင်အောင် ဆက်ဖီပုံများပို့ပေးရင်း အထီးမကျန်အောင်လုပ်ပေးသည်။

ဟိုင်ရှို့ သူ့နှလုံးသားထဲတွင် ချိုမြမှုလေး ခံစားလိုက်ရသော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် ထပ်ပြီးသောကရောက်လာပြန်သည်။သူ ဖုန်းဖေကိုယ်တိုင် သူ့အား ဓာတ်ပုံရိုက်မည်ကို ခွင့်ပြုမပေးခဲ့သည့်အပြင် သူကိုယ်တိုင်လည်း ဆက်ဖီပုံဘယ်လိုရိုက်ရမှန်းမသိပေ။

ဟိုင်ရှို့ ဖုန်းဖေ၏ဖုန်းကို ဆုတ်ကိုင်ထားကာ ပထမတော့ ဖွင့်ရန်တွန့်ဆုတ်နေသော်လည်း ခဏကြာသည့်အခါ ဖွင့်မည်ဟု ဆုံးဖြတ်လိုက်သည်။

ဖုန်းကို လော့ခ်ချမထားသည်ကို မြင်သည့်အခါ ဟိုင်ရှို့၏စိတ်မှာ ပျံ့လွင့်သွားတော့သည်။ပြီးခဲ့သည့်နှစ်ရက်က သူအိမ်စာလုပ်နေစဥ် ကောင်မလေးနှစ်ယောက်ပြောနေသည့်အကြောင်းအရာကို သူ ဘာလို့ ရုတ်တရက် သတိရမိသွားတာလည်း မပြောတတ်ပါ။ထိုအကြောင်းအရာမှာကား : အကယ်၍ ကိုယ့်ကောင်လေးက သူ့ဖုန်းကို ကိုယ့်ကို ဘယ်အချိန်ပဲဖြစ်ဖြစ်ပေးကိုင်တယ်ဆိုရင် အဲ့တာက သူကိုယ့်ကို တကယ်ချစ်ပြီး သစ္စာရှိတာပဲ ဟူသည့်အကြောင်းအရာပင်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now