Chapter 33

1K 246 15
                                    

<Unicode>

သူတို့နှစ်ယောက် ရေပေါ်သို့ ပြန်တက်လာသည့်အခါ ဟိုင်ရှို့၏အသံရှုသံမှာ တုန်ရီနေပေ၏။

ဖုန်းဖေ လန်းဆန်းတက်ကြွနေသည့်အချိန် ဟိုင်ရှို့မှာတော့ တစ်ကိုယ်လုံးနီရဲနေကာ ရှက်ရွံ့မှုကြောင့် ဖုန်းဖေအား ကြည့်ပင်မကြည့်ရဲပေ။ဖမ်းဖေက ပြုံးလိုက်၏။

"အေးတာလေးတစ်ခုခု သောက်ချင်လား? ကိုယ် မင်းအတွက်သွားယူပေးမယ်လေ"

ဟိုင်ရှို့ သူ့အကြည့်ကို လွှဲရင်း တီးတိုးပြန်ဖြေသည်။

"အမ်း... ကောင်းပြီလေ ၊ ကျေးဇူး"

"ရပါတယ်"

ဖုန်းဖေ ရေကူးကန်ထဲမှ ထွက်ကာ သူ့ကိုယ်သူ ရေလဲဝတ်တစ်ထည်ပတ်လိုက်သည်။ထို့နောက် သူ ဟိုင်ရှို့ဘက်သို့ ပြန်လှည့်ကြည့်လိုက်ကာ :

"အသားအရည်က တကယ်ကောင်းတယ်နော်"

ထိုစကားကို ကြားသည့်အခါ ဟိုင်ရှို့ သူ့မျက်နှာသူ ရေထဲ အမြန်ငုံ့လိုက်ကာ မျက်လုံးလေးနှစ်လုံးသာ ရေပေါ်၌ ရှိနေပေ၏။

ဖုန်းဖေ ရယ်လိုက်ကာ သူ့အတွက် သောက်စရာသွားယူပေးသည်။ဟိုင်ရှို့ ရေကူးကန်အကျယ်ကြီး၌ ဟိုဟိုဒီဒီ ကူးခတ်နေရင်း အနည်းငယ်စိတ်လှုပ်ရှားနေကာ အနည်းငယ်ပျင်းခြောက်ခြောက်လည်းဖြစ်နေပေသည်။သူ အချိန်အတော်ကြာသည်အထိ စိတ်အေးအေး မထားနိုင်ပဲ ဖြစ်နေသည်။အကြောင်းမှာကား ထိုနေရာ၌ ဖုန်းဖေသည် သူ့အား တကယ်ပင် ထိတွေ့ပွတ်သပ်လာသောကြောင့်ဖြစ်သည်။

ဟိုင်ရှို့ စိတ်အေးလာကာ ရေထဲ၌ စဆော့ကစားနေတော့သည်။သူ့စိတ်မှာတော့ အနည်းငယ် မူးဝေနေကာ ဘယ်နေရာတွင်ဘာစားရင်ကောင်းမလဲ ဆိုသည်ကို တွေးတောနေ၏။

"စောနလူက မင်းသူငယ်ချင်းလား?"

မရင်းနှီးသည့် အသံတစ်သံကို ကြားလိုက်ရသည့်အခါ ဟိုင်ရှို့မှာ လန့်သွားသည်။နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူ့နောက်၌ မတ်တပ်ရပ်နေကာ သူ့အားပြုံးပြနေသော သူစိမ်းတစ်ယောက်ကို မြင်သည်။

"မင်းက သူငယ်ချင်းနဲ့ ဆော့နေတာလား?"

ဟိုင်ရှို့ ပြန်မဖြေကာ ထိုလူကိုသာ စေ့စေ့စပ်စပ်ကြည့်နေ၏။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now