Chapter 13

1.4K 335 13
                                    

[Unicode]

ဟိုင်ရှို့ အတန်းထဲသို့ပြန်ဝင်လာကာ နေ့တစ်ဝက်လုံး ဖုန်းဖေကို စကားပင် မပြောသေးပေ။

"မင်း အပြင်မှာ သရဲတွေ့လာတာလား?"

ဖုန်းဖေ ဟိုင်ရှို့အား ငေးကြည့်နေကာ

"ဘာဖြစ်တာလဲ? တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်တာလား?"

ဟိုင်ရှို့ သူ့ခေါင်းကိုယမ်းသည်။

"မဟုတ်....မဟုတ်ပါဘူး"

"ဘယ်သူမှ မင်းကိုအနိုင်မကျင့်လိုက်ဘူး? အခုမင်းဘာနဲ့တူနေလဲ မင်းကိုယ်မင်းရောသိရဲ့လား?"

ဖုန်းဖေ စိတ်ပူသည်ကြောင့် မတ်တပ်ထရပ်လိုက်သည်။

"ငါအပြင်ကို သွားကြည့်မယ်"

"မလုပ်နဲ့!"

ဟိုင်ရှို့ သူ့အားအမြန်တားကာ ပြော၏။

"မင်း ..... မင်း ပြန်ထိုင် ...."

ဖုန်းဖေသည် ပြန်မထိုင်ဘဲ ဟိုင်ရှို့အား အံ့သြသင့်စွာကြည့်နေသည်။သူ ခဏလောက် အံ့သြသင့်နေပြီးနောက် သတိပြန်ကပ်လာသည့်အခါ သူ့နေရာမှ ထွက်သွားသည်။

သူ အတန်း၏အနောက်တံခါးဝတွင် မတ်တပ်ရပ်ပြီး ကော်ရစ်တာကိုကြည့်သည့်အခါ ဘယ်သူ့ကိုမှ မတွေ့ပေ။ထို့ကြောင့် သူသည် မလုံမလဲဖြစ်နေသည့်ဟိုင်ရှို့ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ထို့နောက် သူသူ့နေရာသူပြန်လာကာ မေး၏။

"ဘာဖြစ်တာလဲ? တစ်ယောက်ယောက်က မင်းကိုပြဿနာရှာလိုက်လို့လား?"

"မဟုတ်ပါဘူးလို့ ငါပြောပြီးပြီလေ ....."

ဟိုင်ရှို့သည် မလိမ်မညာတတ်သည့်သူမျိုးဖြစ်၍ သူရှင်းပြနေသည့်အချိန်တွင် သူ့မျက်လုံးကိုလွှဲထားသည်။

"ငါ ..... အပြင်ထွက်တုန်းက လဲမလိုဖြစ်သွားပြီး လန့်သွားလို့ ....."

ဖုန်းဖေ မရီအောင်ထိန်းချုပ်ထားသော်လည်း ရီလိုက်မိသည်။

"မင်းက အသည်းငယ်တတ်တယ်ပေါ့?"

ဟိုင်ရှို့ စကားပြန်မပြောဘဲ ခေါင်းသာညိတ်သည်။

ဟိုင်ရှို့၏အကျင့်စရိုက်ကို နားလည်သည့်ဖုန်းဖေသည် ထိုကလေးပြောသည်ကို မယုံသော်လည်း အပြုံးတစ်ခုဖြင့်ပြောသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now