Chapter 24

1.2K 297 29
                                    

[Unicode]

အနှီမျှော်လင့်မထားသည့် အဖြစ်အပျက်က ဟိုင်ရှို့အား လန့်သွားစေသည်။သူ မရည်ရွယ်ပဲ ရုန်းနေမိသော်လည်း သူဖမ်းဖေကို ပိုတွန်းလေလေ ဖမ်းဖေမှာ သူ့လက်တစ်ဖက်ဖြင့် ဟိုင်ရှို့၏လက်ကောက်ဝတ်နှစ်ဖက်ကို ပိုအားပြင်းပြင်းဆုတ်ထားလေလေဖြစ်ပြီး ကျန်လက်တစ်ဖက်မှာလည်း ဟိုင်ရှို့၏ခါးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသေးသည်။ဖမ်းဖေ သူ့ခေါင်းကိုငုံ့ကာ ဟိုင်ရှို့ကို နမ်းရှိုက်နေ၏။

အနှီအခိုက်အတန့်လေးအတွင်း ဖမ်းဖေမည်မျှ စိတ်လှုပ်ရှားနေသလဲဆိုသည်ကို ဘယ်သူမှ မသိနိုင်ပေ။

ဒီနေ့ ဟိုင်ရှို့သူ့အား ရှောင်နေသည်မှာ သိသာသည်။သူသည် ပွင့်ပွင့်လင်းလင်းရှိသူတစ်ယောက်ဖြစ်သည့်အလျောက် ဘာကြောင့်ရှောင်နေသလဲဆိုသည်ကို အကြိမ်ကြိမ်စဥ်းစားမကြည့်ပဲ မနေနိုင်ခဲ့။အကြောင်းမှာဟိုင်ရှို့ သူ့အားရှောင်နေမည်ကို ဖမ်းဖေ အကြောက်ဆုံးဖြစ်သည်။

ရလဒ်အနေနှင့် သူတို့တစ်ယောက်ကိုတစ်ယောက် နှလုံးသားချင်းစကားပြောပြီးသွားနောက် ရိုးရိုးသူငယ်ချင်းအဖြစ် ဆက်ရှိနိုင်မည်မဟုတ်တော့ပေ။

ဖမ်းဖေသည် အိပ်ရာဝင်သည်နှင့် တန်းအိပ်ပျော်တတ်သည့်လူမျိုးဖြစ်သည်။သို့သော် ဒီနေ့တွင်တော့ သူအချိန်အကြာကြီး အတွေးများနေခဲ့သည်။ထို့အပြင် သူ့အိပ်ပျော်လုဆဲဆဲတွင် ဟိုင်ရှို့ သူ့ဘက်သို့ တိုးလာသည်ကို သတိပြုမိလိုက်သည်။

ဟိုင်ရှို့လည်း ကသိကအောက်ခံစားနေရ၍ဖြစ်မည်ဟုပင် သူတွေးလိုက်မိသေးသည်။သူ ထိုကလေးအား ဘယ်နှစ်နာရီထိုးနေပြီလဲဟု မေးတော့မည့်အချိန်တွင် ရုတ်တရက် သူ့ပါးအား ဟိုင်ရှို့က ညင်သာစွာ နမ်းလာခဲ့သည်။

ထိုအချိန်၌ သူ့နှလုံးခုန်သံပါ ရပ်သွားတော့မလိုပင်။

တကယ်တော့ ကိုယ်ချစ်နေပါသည်ဆိုသည့်သူတစ်ယောက်က ကိုယ့်အပေါ်တွင်လည်း ကိုယ်နှင့်တူညီသောခံစားချက်မျိုးရှိနေပါသည်ဆိုတာထက် ပိုပြီး ပီတိဖြာရမည့်အကြောင်းမရှိနိုင်တော့ပေ။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now