#Zawgyi
ညအချိန်မတော်ကြားနေရသည့် ရှိုက်သံလေးကြောင့် ဂျွန်မိုနာအိပ်နေရာမှ လန့်နိုးလာခဲ့သည်။ရုပ်တရက်လန့်သွားရသည်မှာ သူ့မရင်ခွင်ထဲတွင် သားငယ်ကရှိမနေတော့...
" သား သား ဂျွန်လေး "
မှောင်နေတဲ့အခန်းထဲရှိုက်သံလေးက တစ်စွန်းတစ်စထွက်နေတာမို့ အိပ်ယာဘေးက မီးအိမ်သေးသေးလေးကို လက်နှင့်စမ်းကာဖွင့်လိုက်မှ အလင်းရောင်ဖျော့ဖျော့လေးရလာသည်။
" ဂျွန်လေး "
သူမခြေရင်းတွင် ဒူးလေးပိုက်ကာဝမ်းပန်းတနည်းငိုနေသည့် ကလေးငယ်။
" အိပ်မက်ဆိုးမက်လို့လားသားငယ်
လာလာ မေမေ့ဆီလာ "လက်ဆန့်တန်းကာခေါ်နေသည့် သူမရင်ခွင်ထဲကို ရှိုက်ရင်းငိုရင်ဝင်ရောက်လာသည့် သားငယ်အား ထွေးပွေ့ထားလိုက်သည်။ချွေးအနည်းငယ်စို့နေသည့် နှဖူးလေးပေါ်မှ ဆံပင်ဝဲဝဲလေးတွေကို သပ်တင်းပေးရင်း ချော့မြူနေမိသည်။
" မေမေ သားရဲ့မေမေအရင်းက ဘယ်မှာလဲဟင် အဟင့် "
"သားလေးရယ်"
လှိုက်ဖိုတက်လာသော ရင်ထဲကခံစားချက်တွေကိုမြိုသိပ်ရင်း သားငယ်ကိုကျစ်ကျစ်ပါအောင်ဖက်ထားလိုက်သည်။ဖခင်ကိုသတ်တဲ့သူနဲ့လက်ထက်ယူသွားတဲ့မိခင်အကြောင်းကို သူမဘယ်လိုပြောထွက်မည်နည်း။သားငယ်ဟာ နုနယ်သေးတဲ့အရွယ်ဖြစ်တာကြောင့် စိတ်ဒဏ်ရာရသွားမှာမျိုးမလိုလားပေ....
" သားမေမေမရှိလဲ ဒီအမေက သားအရင်းလို ကျွေးမွေးစောက်ရှောက်ပေးမှာပါ ကလေးရယ် "
ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရမ်းရင်းချော့မြူကာမှ အိပ်မောကျသွားတဲ့သားငယ်ကို အိပ်ယာခင်းခပ်နုတ်နုတ်ကလေးပေါ် ပြန်တင်ရင်းအိပ်စေလိုက်သည်။ငိုထားသည့်အရှိန်နှင့် မောပန်းကာအိပ်မောကျသွားတဲ့ကလေးငယ်ကိုကြည့်ရင်း ပြန်လည်အိပ်မရတော့သည်က သူမ သာဖြစ်သည်။
ဒီအချိန်ချိန်မှာတော့ အကြောင်းစုံကို ကိုယ်တိုင်ပြောပြပေးမှာမို့ စိတ်ဒဏ်ရာကင်းကင်းနဲ့ပဲကြီးပြင်းလာပေးပါ ကလေးရယ်......AVENGER
ဝေလီဝေလင်းအချိန်ရောက်သည်အထိ ပြန်အိပ်မရတဲ့အဆုံး ချက်ပြုတ်ရန်ထရတော့သည်။သားငယ်ကျောင်းမသွားခင် စားနိုင်ရန် ညနေဘက်ကျန်သောထမင်းလေးနှင့် ကင်မ်ချီလေးကိုရောကာ ကြော်ထားလိုက်သည်။ကြက်ဥလိပ်လေးနှင့်အသီးရွက်ကြော်လေးကိုတော့ သားငယ်ကျောင်းထမင်းချိုင့်လေးအတွက် ပြင်ဆင်ထားသည်။သူမအတွက်ကတော့ ကင်မ်ချီရှိရုံနှင့် ထမင်းတစ်နပ်ကိုပြီးမြောက်စေသည်။