#Unicode
အိမ်ကိုပြန်ရောက်တော့ နောက်ကျနေပြီမို့ အပြင်ကိုထွက်စောင့်နေသည့်မေမေ
သူမရဲ့မြေးကိုမြင်သည်နှင့် မေမေ့မျက်နှာလေးမှာ အလှဆုံးအပြုံးတွေဖြစ်တည်လာသည်။
မြေးဦးလည်းဖြစ်သလို ဂျွန်နဲ့လဲသိပ်တူတာကြောင့် သူမကဂုကီးကိုဆိုအမြဲအလိုလိုက်အကြိုက်ဆောင်သည်။ဒါတွေကြောင့်လဲ ချွဲစိန်က သူ့အဖွားနှင့်ဆို ပြောမနိုင်ဆိုမနိုင်ဖြစ်သွားတတ်သည်။
" အမလေး ဖွားမြေးလေးနောက်ကျနေလို့ ဖွားကလွမ်းနေပြီ "
ဂုကီးရဲ့ပါးဖောင်းဖောင်းတွေကို တရှူးရှူးနမ်းပြီးပြောနေလေရဲ့
ဟိုပေါက်စတို့အကြိုက်ပေါ့" ဖွား သားသားကြိုက်တာ ချက်ထားတယ်ဟုတ်"
" ဒါပေါ့ "
မြေးဖွားနှစ်ယောက်လက်တွဲပြီး သူ့ရှေ့က ဝင်သွားကြသည်။
" ယောင်းလေးလဲ ရေချိုးတော့လေ ညနေစာစားကြရအောင် "
" ဟုတ်ကဲ့ မေမေ
သား ဂုကီ လာခဲ့ ပါပါးနဲ့ရေတစ်ခါတည်းချိုးလိုက် "" NO ! "
အော်ပြီး သူ့ဖွားနောက်မှာ သွားပုန်းနေသည်။ဂျစ်ကန်ကန်နဲ့ခေါင်းမာတတ်တဲ့ သူ့အဖေအကျင့်က ဂုကီးစီမှာပါလိုက်ပါလာသည်။
" ဘာကို No လဲ ဂုကီးနော် မင်းအရမ်းဆိုးနေတာ ပါပါးမချစ်ပဲနေလိုက်မယ် "
" ပါပါးမချစ်လဲ ဒယ်ဒီချစ်- အဲ "
ရုတ်တရက်စကားကိုရပ်တန့်ပြီး လက်ကလေးတွေနဲ့ ပါးစပ်ကိုပိတ်လိုက်သည်။ထယ်ယောင်းရဲ့မျက်ဝန်းအစုံက ဝိုင်းစက်လာရသည်။သားကအခု ဒယ်ဒီလို့ပြောလိုက်တာမို့လား...
ချက်ချင်းသားရှေ့ကိုရောက်သွားရင်း
" ဂုကီး ဘာပြောလိုက်တာလဲ ဘယ်က ဒယ်ဒီလဲ ပြော ပါပါးကိုပြောစမ်း "
ဒေါသအနည်းငယ်ပါနေသည့်တိုင်း သားကတစ်ခွန်းမှမဟ။ ပါးစပ်ကိုပိတ်ပြီး အုန်းမှုတ်ခွက်ကေလေး ခါရမ်းသည်အထိ ခေါင်းကိုသာရမ်းပြသည်။
သားကိုကြည့်ရင်း ထယ်ယောင်းမျက်ရည်တွေကျလာခဲ့ရသည်။
ဒါက ဘယ်လိုတောင် မဖြစ်သင့်တဲ့အရာလဲ..
မဟုတ်မှ သားကသူ့အဖေနဲ့သိနေတာလား....
ဘယ်အချိန်တွေတည်းကလဲ.....