#Unicode
အိမ်ကိုရောက်တော့ ခြံရှေ့မှာထွက်စောင့်နေတဲ့သား
ဘေးမှာလည်း သားကိုစိတ်မချလို့လိုက်လာတဲ့ ပါပါးလေးက ဆူပုတ်လို့သားကသူ့ကားကိုမြင်သည်နှင့် " ဒယ်ဒီလာပြီ "ဟုအော်ကာ ခုန်ပေါက်နေသည်။
" ဒယ်ဒီရေ !! "
ကားပေါ်ကဆင်းတာနဲ့ ကိုယ်ပေါ်တွယ်တတ်တဲ့သားကို သူကကောက်ချီပြီး တရှူးရှူးနမ်းနေသည်။တကယ်ပဲ ပိုကိုပိုတယ်....
သားဖတွေအိမ်ထဲကိုဝင်တော့ မေမေကအားရဝမ်းသာကြိုသည်။
" သားတို့လာကြပြီ
လာလာ မေမေထမင်းပြင်ထားတယ်
တူတူစားကြရအောင် "အရင်တည်းက မိသားစုအစုံအလင်မြင်ချင်တဲ့သူမ။အခုတော့စိတ်ချမ်းသာသွားပြီထင်သည်။
ထမင်းစားတော့လဲ ဂျွန်ဂျောင်ကုနဲ့ဂျွန်ဂုကီးအသံက ဆူညံလို့...
ဟင်းတစ်မျိုးခပ်စားပြီးတိုင်း ဘယ်လိုအရသာရှိကြောင်း ပြောနေတာ သူတို့ကိုယ်သူတို့ Food bloggerလို့ထင်နေသလားပဲ...မေမေကတော့ သူ့မြေးနဲ့သူ့သားကို ဟင်းတစ်မျိုးပြီးတစ်မျိုးခပ်ထည့်ကာကြွေးနေသည်။
မျက်နှာထပ်တွင်လည်း အလှဆုံးအပြုံးတွေနဲ့ပေါ့.." ဂုကီး ထမင်းစားနေချိန် စကားမပြောနဲ့လေ "
" ဟုတ်ကဲ့ပါပါး "
" ဟုတ်ကဲ့ "
ထို 'ဟုတ်ကဲ့'ဟူသောအသံမှာ ဂျောင်ကုဆီမှအသံဖြစ်သည်။သားဖနှစ်ယောက်က ပါးစပ်ကိုဇစ်ပိတ်သလို လုပ်ပြရင်း ထမင်းဆက်စားနေကြသည်။
ငါ့နှယ် ရူးချင်တယ်...ပြသနာက ညရောက်မှ စတော့သည်။
ဂျွန်ဂုကီးတို့ခေါင်းမာပုံက ဘယ်လိုမှညှိလို့မရပေ..
အိမ်မှာအခန်းကသုံးခန်းတည်းရှိတာမို့.." ဂုကီး သားနဲ့ပါပါးက အတူအိပ်မယ်လေ မင်းဒယ်ဒီကို တစ်ခန်းပေးလိုက် "
" NO ! သားသားကအရွယ်ရောက်နေပြီ ကိုယ်ပိုင်အခန်းသုံးရမယ်လေ လို့ ပါပါးပဲအရင်ကပြောခဲ့တာလေ "
တကယ်ကိုကပ်သီးကပ်ဖဲ့လေး သူ့အဖွားတင်မက အခုအဖေဖြစ်သူပါ အားကိုးရှိနေတာကြောင့် သူဘယ်လိုမှပြောရမယ်မထင်..