15

6.7K 625 0
                                    

#Unicode

ခန္ဓာကိုယ်က ကိုင်ရိုက်ခံထားသလို နာကျင်နေသည်။
အထူးသဖြင့် ခါးအောက်ပိုင်းဆီက တဆစ်ဆစ်ဝေဒနာကြောင့် မျက်ရည်တွေမထိန်းနိုင်တော့ပေ....

ဂျွန်နဲ့ဒီလိုနေထိုင်ခဲ့မိသည့်အပေါ် မနှစ်မြို့ခြင်းမဟုတ်သော်လည်း အကျိုးဆက်တွေကို သူလက်မခံနိုင်သေးပါ။

ငယ်ရွယ်တဲ့အချိန်မှာ ဒီလိုမျိုးရင်မဆိုင်ချင်သလို ယောကျာ်လေးတစ်ယောက်လည်း ဖြစ်နေတာကြောင့် ကြောက်ရွံ့မိသည်။

ကိုယ်တိုင်ကအလိုတူအလိုပါ လိုက်ပါခဲ့မိသည့်အပေါ်လည်း ရှက်မိသည်။

အချိန်ကိုကြည့်တော့ ခြောက်နာရီသာရှိသေးသည်။ကုတင်အောက်ကပြန့်ကျဲနေသော အဝတ်စားတွေကို ကမန်းကတမ်းကောက်ဝတ်ရင်း အခန်းပြင်ထွက်လာလိုက်သည်။

အကယ်၍ သူ့မှာဂျွန်နဲ့ရတဲ့ ကလေးသာရှိလာခဲ့ရင် ဘယ်လိုလုပ်ရမည်နည်း။သူရင်ဆိုင်နိုင်ပါ့မလား အထူးသဖြင့် ဂျွန်လက်ခံနိုင်ပါ့မလား....

ကိုက်ခဲနေမှုတို့က ရင်ဘတ်ထဲက နှလုံးသားထိပါ ကူးစက်လာခဲ့တော့သည်။ငိုရင်းရှိုက်ရင်းမှ sofaပေါ်တွင်သာ အိပ်ပျော်သွားခဲ့သည်။
.
.
.
တတီတီမြည်နေသော ဖုန်းသံကြောင့် နိုးလာခဲ့သည်။
ကျစ် အိပ်ပျော်နေချိန် ဖုန်းဆက်တာ တကယ်မုန်းသည်။

" Hello "

" ဟေး ဂျွန် ဒီနေ့ရုံးမတက်ဘူးလား
ညက ယူအရမ်းသောက်ထားလို့ အဆင်ပြေရဲ့လားလို့ "

ဖုန်းကိုသေချာပြန်ကြည့်တော့မှ ပတ်ချယ်ယောင်းမှန်းသိလိုက်သည်။ဒီမိန်းမက ထယ်ယောင်းရှိမှန်းသိလျက်နဲ့ကို လိုက်တွယ်ကပ်နေသလို ခံစားရသည်။

" အာ sorry ကျွန်တော်ဒီနေ့ရုံးတက်နိုင်မယ်မထင်ဘူး "

အရှိန်ကဘယ်လောက်များသလဲမသိ ခေါင်းတစ်ခုလုံးတူနဲ့ထုခံထားရသလိုပင် မူးနောက်နေတုန်းဖြစ်သည်။

" ဟုတ်ပြီ ကောင်းကောင်းအနားယူပါ ဂျွန် "

ဖုန်းချလိုက်ပြီး နားထင်ကိုအသာဖိရင်း ထလိုက်သည်။ထူးဆန်းသည်က ခန္ဓာကိုယ်တွင် အဝတ်နှင့်တူတာပင်မရှိ။

🄰🅅🄴🄽🄶🄴🅁 /TAEKOOKOù les histoires vivent. Découvrez maintenant