#Zawgyi
" ဟိတ်လူကြီး ကျွန်တော့်ကိုထူပေးဦးလေ "
ထွက်ပေါ်လာသည့်အသံဆာဆာကြောင့် လှည့်ထွက်တော့မည့် သူ့ခြေအစုံကိုရပ်တန့်လိုက်သည်။အနားကိုတစ်ဖြေးဖြေးလျှောက်သွားရင်း ကောင်လေးလွယ်ထားသည့် ကျောပိုးအိတ်မှဆွဲကာ မ လိုက်တော့ ခြေကားယားလက်ကားယား ပါလာတဲ့ဟာလေး
" ရပြီလား "
မျက်နှာနားတိုးကပ်မေးတော့ လန့်ပြီးအနောက်ကို ယိုင်သွားတဲ့ ခန္ဓာကိုယ်။ခါးကနေ ထိန်းဖက်လိုက်တော့ ရှက်သည်ထင် မျက်နှာလေးရဲကာ ခေါင်းကိုအတင်းငုံ့ထားသည်။ဂျောင်ကုအတွက်တော့ ကျော့ကွင်းထဲဝင်လာတဲ့ သမင်ငယ်တစ်ကောင်ကိုကြည့်နေရသလို အရသာခံကာကြည့်နေလိုက်သည်။
" ဟို! ဟို ကျွန်တော့်ကိုလွှတ်ဦး "
အတင်းရုန်းလိုက်ကာမှ လွှတ်ပေးတဲ့လူကြီး။ထယ်ယောင်းရင်တွေ ဗြောင်ဆန်နေပြီဖြစ်သည်။ရဲတင်းလိုက်တာ ဒီလူကြီး။သို့သော် ထယ်ယောင်းသဘောကျနေမိသည်။လူကြီးက သိပ်ခန့်ပြီး သိပ်မိုက်တာပဲ။
" ကျွန်တော့်ကို အိမ်ပြန်ပို့ပါလားဟင် တစ်ယောက်တည်းဆို ခုဏလူကြီးတွေပြန်လှည့်လာမှာဆိုးလို့ "
မရဲတရဲနှင့်ပြောနေပုံလေး တခြားသူတွေအတွက်ဆိုရင်ဖြင့် ချစ်ဖို့ကောင်းနေမှာအမှန်ပင်။ဒီနေ့အိမ်ကထွက်လာတည်းက ဒီကောင်လေးနောက်လိုက်နေခြင်းဖြစ်သည်။ကျောင်းဆင်းချိန် လစ်ထွက်တတ်သည့် အကျင့်ကိုပါသိနေတာမို့ အနောက်ကလိုက်လာရင်း မထင်မှတ်ပဲဒီလိုသိလာခဲ့တာဖြစ်သည်။အဆင်သင့်သွားတာပေါ့ မင်းကိုငါ့ရဲ့ အဓိကပစ်မှတ်အဖြစ်ရွေးလိုက်တာ မှန်သွားတာပဲ။မင်းကိုချစ်တဲ့ မင်းအဖေလဲ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ဆုံးရှုံးရတဲ့ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ သိအောင်ပြောပြပေးမယ်။
" ကောင်းပြီလေ ကိုယ်မင်းကို အိမ်ပြန်ပို့ပေးမယ် "
စကားအဆုံးထယ်ယောင်းကို ပွေ့ချီလိုက်တဲ့လူကြီး။လန့်သွားတာကြောင့် လူကြီးရဲ့ရင်ဘက်က အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားမိသည်။ထယ်ယောင်း ရင်တွေအရမ်းခုန်တယ်။အခုမှ တွေ့ဖူးတဲ့လူတစ်ယောက်ရဲ့ အပြုမူတွေက ရဲတင်းလွန်းနေလဲ ထယ်ယောင်းမက်မောနေမိတယ်။ပြန်ဆင်းဖို့လဲစိတ်ကူးမရှိတာမို့ ထိုအတိုင်းသာလူကြီးခေါ်ရာကို လိုက်လာခဲ့သည်။နာမည်တောင်မသိသေးတဲ့ သူစိမ်းတစ်ယောက်ကို ထိုအချိန်တွေထဲက ထယ်ယောင်းရင်ထဲအနက်ရှိုင်းဆုံးထိ ဝင်ရောက်နေခဲ့တာဖြစ်မည်။