#Zawgyi
နိုးထလာတဲ့မနက်ခင်းက သိပ်တော့မကြည်လင်လှ။နားထင်ကို ဖိနှိပ်ရင်း memoriesပြန်ခေါ်ကြည့်တော့ ညဘက်dinnerမှာမနေချင်တာကြောင့် Barကိုထွက်လာခဲ့ရုံသာ။ထို့နောက် ဘေးတွင် ကလူကျီစယ်လာသော မဒီတစ်ယောက်နှင့်အတူသောက်မိရာမှ ဘာဆက်ဖြစ်မှန်းသူမသိတော့။ဘေးဘက်ကိုကြည့်တော့ ကွေးကွေးလေးအိပ်ပျော်နေသည့် ကင်မ်ထယ်ယောင်း...
ဒီကောင်လေး ချစ်စရာကောင်းတာတော့ ဝန်ခံရမည်။ခုလဲကြည့် အိပ်နေပုံလေးသည် ပါးလေးတွေကခေါင်းအုံးနှင့်ဖိကပ်ထား၍ လုံးကာအပြင်သို့ပင်ထွက်နေသယောင်။မျက်တောင်အရှည်ကြီးတွေက ယောကျာ်းလေးဖြစ်ပါလျက် ကြည့်ရတာတကယ်လှသည်။
ဂျွန်ဂျောင်ကု ဘယ်လိုမရေမရာအတွေးတွေတွေးနေမိတာလဲ။ခေါင်းကိုခါရမ်းပစ်လိုက်ရင်း တစ်ဖန်ပြင်လည်အိပ်စက်လိုက်သည်။ခေါင်းမူးနေ၍ မလှုပ်ချင်တာကြောင့်လဲ ပါသည်။
.
.
.
ထယ်ယောင်းနိုးလာတော့ ၉နာရီပင်ထိုးနေပြီ။ကမန်းကတမ်းထလိုက်ရင်း ဘေးကိုကြည်တော့ ဂျွန်ကအိပ်နေတုန်းဖြစ်သည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံလေးက ကလေးလေးတစ်ယောက်လို။ကြည့်နေမိရင်း အသဲယားလာတာကြောင့် နှဖူးလေးကိုခပ်ဖွဖွနမ်းမိသည်။" morning kiss ဂျွန် "
ကိုယ်လက်သန့်စင်ရင်း အောက်ထပ်ကိုဆင်းလာတော့ မေမေနှင့်ဖေဖေက မနက်စာစားနေကြပြီဖြစ်သည်။ထယ်ယောင်းမဝံ့မရဲနှင့် ဝင်ထိုင်လိုက်တော့ မေမေက မနက်စာစားဖို့ပြင်ပေးသည်။
" ဟိုကောင် အခုထိမနိုးသေးဘူးလား ထယ်ယောင်း "
ဖေဖေရဲ့အေးတိအေးစက်အသံ။ဇွန်းကိုင်ထားသည့် ထယ်ယောင်းရဲ့လက်တွေတောင် အနည်းငယ်တုန်ရီလာသယောင်။
" ဂျွန်ညက နေမကောင်းလို့ မအိပ်ရဘူးဖေဖေ
အဲ့တာကြောင့် ယောင်းမနိုးပဲထားတာပါ "ဖေဖေနဲ့ဂျွန့်ကြား စိတ်မခုစေချင်တာကြောင့် လိမ်ပြောလိုက်သည်။
" နေမကောင်းဖြစ်မှာပေါ့ လူမှန်းသူမှန်းမသိအောင် မူးရူးလာတာကို "
" တော်ပါတော့ ယောကျာ်းရယ် သားငယ်ထမင်းစားနေတာကို စိတ်မကောင်းဖြစ်အောင် မပြောပါနဲ့တော့ "