12

5.6K 628 18
                                    

#Zawgyi

ရေချိုးခန်းထဲတွင် အချိန်အတော်ကြာသည်အထိ အကြောင်းမဲ့နေနေမိသည်။တစ်ချက်တစ်ချက်ပြန်မြင်ယောင်လာသည့် မီးရောင်အောက်ကပါးမို့မို့လေး...
ခေါင်းတွေကိုခါးယမ်းပစ်လိုက်သည်။

မဟုတ်တာတွေမတွေးစမ်းနဲ့ ဂျွန်ဂျောင်ကု အရက်ကလေးနည်းနည်းဝင်သွားတာကို ဘာလို့ဒီလောက်တောင်အသိလွတ်နေရတာလဲ...

မိမိကိုယ်ကို သတိအထပ်ထပ်ပေးရင်း ရေချိုးခြင်းကို အဆုံးသတ်လိုက်တော့သည်။

" ဂျွန် ဒီအချိန်ကြီးခေါင်းလျှော်လာတာလား "

အပြောနှင့်အတူ ခေါင်းပေါ်သို့ရောက်လာသော တဘက်ကလေး။နူးနူးညံ့ညံ့သုတ်ပေးနေပုံက လူကိုမရိုးမယွဖြစ်စေသည်။မမှီတမှီခြေဖျားလေးထောက်ထားတာကြောင့် ဝတ်ထားသည့် ညဝတ်အင်္ကျီလေးသည် အပေါ်သို့တက်ကာ တလှပ်လှပ်ပေါ်လာသော ဖြူဖွေးဖွေး ခါးသွယ်သွယ်လေး။

ရုတ်တရက်အာခေါင်တွေခြောက်လာကာ တွံတွေးမြိုချမိသည်အထိ။
ဘာဖြစ်နေတာလဲ ဂျောင်ကု အသိရှိစမ်းပါ။

" ရတယ် ကိုယ့်ဘာသာသုတ်လိုက်မယ် "

အခြေနေမဟန်သည်မို့ တဘက်ကိုဆွဲယူကာ ကမ်ထယ်ယောင်းအနားမှ ရှောင်ထွက်လာခဲ့သည်။
ဒီလိုအချိန်မျိုးမှာ ကင်မ်ထယ်ယောင်းက အရမ်းအန္တရာယ်များလွန်းတယ်......

" ဂျွန် အင်္ကျီထုတ်ထားတယ် "

တိုးဖွဖွအသံလေးနဲ့အတူ ခါးကနေသိုင်းဖက်လာတဲ့ လက်ဖွေးဖွေးလေးတွေက တင်းတင်းကျပ်ကျပ်။မင်းငါ့ကိုဆွဲခေါ်လိုက်တာ ကင်မ်ထယ်ယောင်း မင်းကံပဲ...

ကျောခိုင်းသွားတဲ့ဂျွန့်ကို တောင်းပန်ချင်တာမို့ ခါးကနေတိုးဖက်လိုက်တော့ ရုတ်တရက်လူကိုဆွဲမကာ ကုတင်ပေါ်သို့ ပစ်တင်လေသည်။မိမိအားကြည့်လာသော ဂျွန့်အကြည့်တွေက ရီဝေဝေနဲ့ရမ္မက်ဆန်လှသည်။

မဟုတ်ဘူး ဂျွန်  ယောင်းအဆင်သင့်မဖြစ်သေးဘူး

ကုတင်ပေါ်သို့တဖြေးဖြေးတက်လာတဲ့ဂျွန်ကြောင့် ခေါင်းရင်းဘက်ဆီတရွေ့ရွေ့တိုးသွားမိသည်။ရုတ်တရက်ဆိုသလို ခါးကနေဆွဲချရင်း မိမိအားခွသိုင်းထားသည့် ဂျွန်။ထယ်ယောင်းကြောက်ကြောက်လန့်လန့်နှင့် မျက်ရည်တွေပါဝဲလာခဲ့သည်။အတွေ့အကြုံမရှိသူမို့ ဒီလိုအခြေအနေကို ကြောက်ရွံ့အားငယ်မိသည်။

🄰🅅🄴🄽🄶🄴🅁 /TAEKOOKWhere stories live. Discover now