#Zawgyi
ရာသီအလီလီကူးပြောင်းလို့ အရာရာဟာပြောင်းလဲခဲ့ပြီ။
ဂျောင်ကုအတွက်လဲ ကြီးမားသည့် အပြောင်းအလဲတွေနဲ့ ကြုံခဲ့ရသည်။သူအထက်တန်းပထမနှစ်တွင် အမေ့ကိုဆုံးရှုံးခဲ့ရသည်။ဆွေစဉ်မျိုးဆက်ချမ်းသာလာတဲ့ အမေဟာ အလုပ်ကြမ်းမှန်သမျှကို မနားမနေလုပ်ကိုင်ခဲ့ရသည်။ချို့တဲ့သော်လည်း သူ့အားအများတန်းတူ ဝတ်နိုင်စားနိုင်အောင် ကြိုးပမ်းခဲ့သည်။သူမကိုယ်တိုင်အတွက်တော့ ချို့ချန်ခြွေတာစားသောက်ခဲ့သည့် အမေက နောက်ဆုံးတွင်ရောဂါပေါင်းစုံရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ကျောင်းထွက်ပြီး အလုပ်လုပ်ရန်တောင်းဆိုသော သူ့အားအမြဲတမ်းဆူပူတတ်သည်။အချိန်ပိုင်းအလုပ်တွေ ခိုးလုပ်တာမိခဲ့လျင် အမေဟာဝမ်းပန်းတနည်းငိုတတ်သည်။သူမအဖြစ်မရှိလို့ သူမသားကို ချမ်းချမ်းသာသာမထားနိုင်ဘူးဟု မချိတင်ကဲညည်းညူးတတ်သည်။အမေဟာ အမေအရင်းမဟုတ်သည့်တိုင်အောင် သူ့အပေါ်ကျေးဇူးတရားကြီးမားလွန်းခဲ့ပါသည်။
အမေမဆုံးခင် သူ မသိခဲ့ဖူးသော အကြောင်းအရာအားလုံးကို ပြောပြခဲ့သည်။ထိုစကားတွေကိုကြားကြားချင်းမှာ ရင်ဘတ်ထဲက နာကျင်ရသည်။သူအနှစ်နှစ်အလလမျှော်လင့်ခဲ့ရသည့် မိခင်သည် ထိုကဲ့သို့ဖေဖေ့ကိုသတ်ခဲ့တဲ့သူနဲ့မှ လက်ထက်သွားသည်တဲ့လား။မုန်းမိသည်။အမေအရင်းဖြစ်သည့်ထိုအမျိုးသမီးကို။" စိတ်ချလက်ချအနားယူပါအမေ အမေ့ဆန္ဒတွေကို သားအသက်နဲ့ရင်းပြီး ဖြည့်ဆည်းပေးမှာမို့ ကောင်းမွန်စွာ အနားယူပါတော့......."
ညဘက်ကြယ်တွေစုံတဲ့ ကောင်းကင်ကိုမော့ကြည့်ရင်း တစ်ကိုယ်တည်းရေရွတ်မိသည်။ကျလာသည့်မျက်ရည်တွေကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းဖိသုတ်ရင်း ခေါင်းမိုးထပ်ကသူ့အခန်းကျဉ်းလေးဆီကို ပြန်ဝင်လာခဲ့သည်။ဂျောင်ကု ဆိုးလ်ကိုရောက်တာ လပိုင်းလောက်ရှိနေပြီဖြစ်သည်။အထက်တန်းအောင်သည်အထိ ဘူဆန်မှာသာနေခဲ့ပြီး ယခုတော့ဆိုးလ်ကိုရောက်နေခဲ့ပြီ။ရည်ရွယ်ချက်ကတော့ အမေ့ဆန္ဒတွေအတွက်ဖြစ်သည်။အဖေ့ကိုသတ်သွားသည့် အမတ်ကင်မ်ဆိုသည့်သူရော ထိုလူရဲ့မိန်းမကိုရော အနီးကပ်နှိပ်စက်နိုင်ရန်သာဖြစ်သည်။