7

5.3K 618 27
                                    

#Zawgyi

ညနက်သည့်တိုင် အိပ်စက်လို့မရသည်မို့ အိပ်ယာထက်လူးလွန့်ကာနေတော့သည်။ညနေကအကြောင်းအရာတွေပြန်တွေးမိတိုင်း နှလုံးသားက ထကြွသောင်းကျန်းလာသည်။ဂျွန်က သူ့ကိုသဘောကျတယ်တဲ့။ဒီစကားတစ်ခွန်းကတင် ထယ်ယောင်းကို အယောင်အယောင်အမှားမှားဖြစ်စေသည်။ဂျွန့်ကိုသူချစ်ချင်သည်။တစ်ဖက်တွင်လည်း အနည်းငယ်စိုးရိမ်စိတ်ဝင်မိသည်။

" ယောင်းလဲ ဂျွန့်ကို အရမ်းချစ်တယ် "

ဖက်တွယ်ထားတဲ့ ယုန်ရုပ်ကြီးကို တစ်ဖွဖွပြောရင်း ထယ်ယောင်းအရူးတစ်ယောက်လိုဖြစ်နေတော့သည်။ဆယ်ကျော်သက် ရင်ခုန်သံမို့ ပိုရူးမိခြင်းလဲဖြစ်မည်။ဒီလိုပြီးပြည့်စုံနေတဲ့ ဂျွန်ကချစ်ရေးဆိုခြင်းကို ထယ်ယောင်းလေးက ဘယ်လိုအကြောင်းပြချက်မျိုးနှင့် ငြင်းနိုင်မှာတဲ့လဲ။အစတည်းက ဂျွန့်ကိုအရမ်းခင်တွယ်နေမိတာပဲကို......
အတွေးတွေထဲနစ်မြောရင်း ထယ်ယောင်းအိပ်ပျော်သွားခဲ့သည်။ပျော်ရွှင်စရာ အိမ်မက်တစ်ခုကိုမက်ရင်းပေါ့.......
.
.
.
.
.
နိုးထလာတဲ့မနက်ခင်းက ကြည်လင်လန်းဆန်းလို့နေသည်။စိတ်ထဲတွင်လည်းကြည်နူးမှုတွေအပြည့်

ကိုယ်လတ်သန့်စင်ရင်း ရေပါချိုးကာ ကျောင်းသွားဖို့ပြင်ဆင်ရတော့သည်။သီချင်းလေး တညည်းညည်းဖြင့် ထယ်ယောင်းအလွန်ပင်တက်ကြွနေသည်။

" မောနီး မေမေ "

မနက်စာပြင်ဆင်နေသည့် မေမေ့ကိုအနောက်ကနေ သိုင်းဖတ်ရင်း ပါးပြင်းကိုမွှေးကြူလိုက်သည်။အူမြူးနေတဲ့သူ့ကို မေမေသတိမထားမိဘူးပြောလျှင် အမှားကြီးမှားလိမ့်မည်။

" ယောင်းလေး! ဝိရိယတွေ ကောင်းနေပါလား "

မေမေ့အပြောကို အပြုံးဖြင့်သာခံယူလိုက်သည်။ခဏကြာတော့ အပေါ်ထပ်ကဆင်းလာသည့် ဂျွန်ကထမင်းစားခန်းဆီလျှောက်လာသည်။ထယ်ယောင်းဆီကို အကြည့်တွေမလွှဲပဲပေါ့....
ရှက်ကိုးရှက်ကန်းဖြစ်နေသည့် ထယ်ယောင်းမှာတော့ အယောင်ယောင်အမှားမှား....
ဒီလိုပါပဲ ထယ်ယောင်းဆိုတဲ့သူက ဂျွန့်ရှေ့မှာဆို အမြဲယုန်သူငယ်လိုဖြစ်သွားတတ်သည်။

🄰🅅🄴🄽🄶🄴🅁 /TAEKOOKWhere stories live. Discover now