13

5.8K 637 11
                                    

#Zawgyi

အိမ်ပေါ်ကဆင်းခိုင်းသည်ဟူသာ အမည်ခံခဲ့တဲ့ဖေဖေက အခုတော့ထယ်ယောင်းတို့နေဖို့ တိုက်ခန်းကို ဂျွန့်ရဲ့အလုပ်နှင့် နီးသောနေရာတွင်ဝယ်ပေးခဲ့သည်။ဂျွန့်ကိစ္စသည်လည်း ပိုက်ဆံလိုက်နိုင်သောကြောင့် ကြာရှည်စွာမခံပဲ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ပြောင်းလဲသွားသည့် ဂျွန်ကတော့ ထိုအတိုင်းသာ။ညဘက်တွေညည့်နက်မှမူးရူးပြီးပြန်လာ တတ်သလို ထယ်ယောင်းနှင့်လဲမထင်ရင်မထင်သလို စကားများရန်ဖြစ်တတ်သည်။ဂျွန်ဘာကြောင့် ဒီလိုတွေပြုမူနေသလဲ ထယ်ယောင်း အဖြေရှာမရခဲ့ပေ။

ညကသောက်တာများသွားလို့ဖြစ်မည် အခုထိမနိုးသေးတဲ့ဂျွန်။အလုပ်ပိတ်ရက်မို့ မနှိုးပဲထားလိုက်သည်။ဂျွန်လဲပင်ပန်းရသည်မဟုတ်လား။ဘယ်လောက်ပဲပြသနာတွေဖြစ်ပါစေ ကိုယ်ချစ်လို့ရအောင်ယူခဲ့ရသည့်လူကို ထယ်ယောင်းတစ်ချက်လေးတောင် စိတ်မကွက်ခဲ့ပါ....

ဂျွန်နိုးလာလျှင် အဆင်သင့်စားနိုင်ရန် ချက်ပြုတ်ရပြန်သည်။မချက်တတ်မပြုတ်တတ်သူမို့ အရသာကတော့ ဘယ်လိုပုံစံထွက်မည်မသိသော်လည်း ချစ်ရသူအတွက်  ကိုယ်တိုင်ပြင်ဆင်ပေးချင်သည်။မိန်းမတစ်ယောက်မဟုတ်သည့်တိုင်အောင် သူသည်ဂျွန့်အပေါ်တာဝန်ကျေချင်မိပါသည်။

ပွက်ပွက်ဆူလာသော ရေထဲသို့ ပဲပင်ပေါက်တချို့ကို ရေဆေးပြီးထည့်လိုက်သည်။ထို့နောက် ဟင်းခတ်မှုန့်တို့ကို ဟိုနည်းနည်း ဒီနည်းနည်းထည့်ရင်း အမူးပြေဟင်းရည်ကိုအပြီးသတ်လိုက်သည်။ထမင်းပူပူလေးလဲပြင်ဆင်ထားသည်။ထို့နောက် ကြက်ဥဘယ်နှလုံးမြောက်အောင် ကုန်မှန်းမသိကုန်ပြီးမှရရှိလာသော ကြက်ဥလိပ်ကလေးရော အတူပါသေးသည်။

" ဂျွန် သဘောကျလောက်မှာပါ "

ပါးစပ်ကလဲရေရွတ်ရင်း ချစ်စရာလေးထောင့်ဆန်တဲ့အပြုံးကလေးသည်လည်း နီထွေးထွေးနှုတ်ခမ်းလေးထက်ဖြစ်တည်လာသည်။ထယ်ယောင်းဆိုတာ ဂျွန်နဲ့ပတ်သက်လာလျှင် ဘယ်လိုအရာမျိုးကိုမှ အပြစ်မမြင်ပဲ ချစ်ပေးချင်သူတစ်ယောက်သာဖြစ်သည်။

AVENGER

ပြတင်းတံခါးဆီမှ နေရောင်ခြည်သည် မှိတ်ထားသောမျက်ဝန်းတွေအပေါ် ကျရောက်လာပြီဖြစ်တာကြောင့် ကျိန်းကာစူးလာတော့သည်။ဆက်အိပ်လို့မရတော့သည်မို့ မျက်လုံးဖွင့်လိုက်ချိန် ဘေးနားမှာ ထယ်ယောင်းရှိမနေခဲ့။အနည်းငယ်တွန့်ချိုးမိတဲ့မျက်ခုံးတွေ အရင်ဆိုနိုးနိုးချင်းမြင်နေရတဲ့မျက်နှာကိုမမြင်ရတော့ စိတ်ထဲအလိုမကျ၍ဖြစ်သည်။

🄰🅅🄴🄽🄶🄴🅁 /TAEKOOKWhere stories live. Discover now