#Zawgyi
" ဂျွန်!! "
အားကုန်အော်ပစ်လိုက်တဲ့အဆုံး ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူအုပ်လည်းတိတ်ဆိတ်ကာ သူ့ဆီသို့အကြည့်တွေရောက်လာသည်။
ဂျွန်သည်လည်း ဒေါသတွေပြည့်နေသောမျက်ဝန်းတစ်စုံနှင့် ထယ်ယောင်းကို ဝါးမြိုမတတ်ကြည့်နေပြန်သည်။
အနားသို့သွားရင်း ထိုမိန်မတွေကြားမှ ဂျွန့်လက်ကိုဆွဲခေါ်လာလိုက်သည်။ခေါင်းမိုးထပ်ကိုရောက်သည်နှင့် သူ့လက်တွေကိုဆွဲဖြုတ်လိုက်သည့် ဂျွန်...
" ဘာဖြစ်လာတာလဲ ကင်မ်ထယ်ယောင်း
မင်းမရှက်တတ်ဘူးလား "" ဘာ အဲ့စကားကခင်ဗျားကိုမေးရမှာ
အလုပ်ချိန်မှာ အလုပ်မလုပ်ပဲ ကောင်မတကာနဲ့ပလူးနေတဲ့ ခင်ဗျားကိုပြောရမှာ!"" ကင်မ်ထယ်ယောင်း မင်းပါးစပ်ပေါက်ကို ပိတ်ထားစမ်း
မင်းထင်ရာစွပ်ဆွဲမနေနဲ့ ငါတို့ကရိုးရိုးသားသား- "" ရိုးရိုးသားသားက အဲ့လောက်ပူးကပ်နေစရာလိုလို့လား
ပတ်ဝန်းကျင်ကိုတောင်မမြင်နိုင်ပဲ ခင်ဗျားတို့
ဖြစ်ပျက်နေကြတာ သိရဲ့လား "သူ့စကားသံတွေအဆုံး လည်ပင်းပေါ်သို့ ရောက်လာသည့် လက်တစ်စုံ..
" ငါ့ကို သောက်ရှက်လာခွဲနေတာလား ကင်မ်ထယ်ယောင်း
မင်းလင်ကို မင်းကမယုံဘူးဆို မင်းအတွေးထဲကအတိုင်းပဲ ဖြစ်နေစေရမယ်
စောင့်ကြည့်နေ "နံရံဘက်ကိုတွန်းထုတ်ရင်း ထွက်သွားသည့် ကျွန်တော့်ရဲ့ဂျွန်။ဘယ်နေရာကစတင်မှားယွင်းခဲ့မှန်းမသိပေမဲ့ ဒါသူချစ်ရတဲ့ဂျွန်မဟုတ်တာ သေချာနေခဲ့ပြီ။
အားနဲ့ဖျစ်ညှစ်ခံထားရ၍ ရဲထွေးလာသော လည်ပင်းသားတွေကို ကိုင်ရင်းဒီနေ့ရဲ့ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ မျက်ရည်တွေကျလာခဲ့ပြန်သည်။
ဘာလို့များလဲ ဂျွန်ရယ်...
ယောင်းဘာအမှားတွေ လုပ်မိလို့ ယောင်းအပေါ် ဒီလိုဆက်ဆံနေရတာလဲ...မခိုင်တော့တဲ့ ခြေအစုံဟာ ခွေယိုင်လဲတော့သည်။ထိုနေရာမှ တဖဝါးမှမခွာနိုင်သေး။အားအင်တွေချိနဲ့နေခဲ့ပါပြီ။