#Unicode
နိုးထလာတဲ့မနက်ခင်းမှာ လူကနွေးထွေးတဲ့ရင်ခွင်ထဲတွင် နစ်မြုတ်နေတော့သည်။
ညကဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးမိတော့ ထယ်ယောင်းရဲ့မျက်နှာလေးသည် ခရမ်းချဥ်သီးလေးလို ရဲမှည့်လာရသည်။
ဂျွန်ညက သူ့အားတောင်းပန်ရင်းမှနေ နှစ်ဦးသားချစ်ရည်လူးတဲ့အဖြစ်ထိရောက်ခဲ့ရသည်။
ဘယ်လိုတောင် အဆီအငေါ်မတည့်ခြင်းမျိုးလဲ..." ကိုယ့်ကိုအခွင့်အရေးပေးမယ်မို့လား ကလေးလေး ဟင်"
နှစ်ကိုယ်ကြားရုံသာဆိုလာသော တိုးဖွဖွအသံကြောင့် ထယ်ယောင်းတစ်ကိုယ်လုံးရှိ မွှေးညင်းလေးများတောင် ရုန်းကြွလာရသည်။
ထို့နောက် တဖြေးဖြေးငုံ့ကိုင်းလာသော မျက်နှာချောချောကို မျက်ဝန်းလေးတွေမှိတ်ရင်း ကြိုလင့်နေမိသည်။အချိန်အတော်ကြာသည်အထိ အနမ်းတွေကို နှုတ်ခမ်းသားတွေဆီမှ အခြေချရင်း ရှေ့ဆက်နေသည့် ဂျွန်ပါလေ..
ကြာလာသည်နှင့်အမှ ထယ်ယောင်း၏ ခန္ဓာသည်လည်း တစ်စုံတစ်ရာကို တောင်းတလာမိသည်။
မိမိကိုယ်ကို သိချိန်ရှက်စိတ်ကြောင့် မျက်ဝန်းထောင့်မှ မျက်ရည်များ စီးကျလာခဲ့တော့သည်။" ကလေးလေး ဘာလို့ငိုတာလဲ ကိုယ်နမ်းတာမကြိုက်ဘူးလား
ဒါဆို ကိုယ်မနမ်းတော့ဘူး မငိုပါနဲ့ "သူ့မျက်ရည်တွေကိုမြင်သည်နှင့် ပြာပြာသလဲချော့မြူလာသည့်ဂျွန်ကို သူ့အခြေနေအားမည်သို့ ပြောပြရမည်နည်း။
" ဟင့် ဂျွန်!! "
ရှက်သော်လည်း ထယ်ယောင်းလိုချင်မိသောကြောင့်
" ယောင်းကို ဒီထပ်ပိုထိတွေ့ပေးပါ ဟင့် "
မတတ်သာသည့်အဆုံးတောင်းဆိုမိပြီးသည်နှင့် ခေါင်းအုံးထဲသို့သာ မျက်နှာကိုနှစ်ထားမိသည်။ရှက်ဖို့ကောင်းတယ်မဟုတ်ပါလား...
ထို့နောက်ဂျွန့်လက်တွေသည် မိမိခန္ဓာကိုယ်အနှံ့စုန်ချည်ဆန်ချည်ပြေးလွှားလာတော့သည်။
နှုတ်ခမ်းသားတွေသည်လည်း နေရာလပ်မချန်အောင် စုပ်ယူတလှည့် ကိုက်စွဲတလှည့်ပြုမူလာပြန်သည်။
ဂျွန်ခင်ဗျားသိပ်ဆိုးတာပဲ....