9

5K 608 31
                                    

#Zawgyi

့ကိစ္စတွေဖြစ်ပြီးတည်းက သူနဲ့ဖေဖေစကားမပြောဖြစ်တော့ပေ။ဖေဖေသည် ဂျွန့်ကိုလဲအမြင်မကြည်တော့။ဒီအခြေနေကို ထယ်ယောင်းမနှစ်သက်။ကိုယ်ချစ်ရသူကို မိဘတွေကြည်ကြည်ဖြူဖြူရှိနေစေချင်သည်။

မေမေပြောလွန်းမကပြော၍သာ လက်ထက်ဖို့ကိစ္စသဘောတူသည့်ဖေဖေ။အမှန်တော့ ဂျွန်နဲ့အတူအိပ်ဖို့နေနေသာသာ ပထမဆုံးအနမ်းကတောင် တိုက်ဆိုင်စွာ ပြသနာတွေဖြစ်သည့်နေမှာသာ ပေးခဲ့ခြင်းဖြစ်သည်။ရုတ်တရက်အနမ်းခံလိုက်ရပြီးသိပ်မကြာ ဖေဖေ့ရဲ့အသံကိုကြားရခြင်းဖြစ်သည်။

ပြသနာတွေဖြစ်နေတုန်းကသာ ထယ်ယောင်းကြောက်လန့်နေခဲ့တာ အခုများတော့စိတ်ချမ်းသာသလို။ထိုကိစ္စဖြစ်သွားတော့ လက်ထက်ဖို့အထိဖြစ်လာခဲ့ပြီ။သူနဲ့ဂျွန်မဝေးရတော့ဘူးလေ......
ဆယ်ကျော်သက်အရွယ်ထယ်ယောင်းအတွက်တော့ လိုချင်တာရ၍ ပျော်ရွှင်ခြင်းကိုသာ သိသည်။

"  လက်ထက်ပြီးတဲ့အခါ ယောင်းတို့အိမ်ခွဲနေမယ်နော် ဖေဖေ "

တိတ်ဆိတ်နေသော ထမင်းစားဝိုင်းကိုဖြိုခွင်းလာသည့် ထယ်ယောင်းအသံ။ဒေါသထွက်သွားသည့်ဖေဖေကတော့ ပန်းကန်ထဲသို့တူကိုအသံမြည်အောင်ထိ ပစ်ချရင်း ထမင်းဝိုင်းမှထသွားသည်။ထိုအခြင်းအရာအပေါ် အကျေနပ်ကြီးဖြစ်နေသည်က ဂျောင်ကုသာ....

" မဖြစ်ဘူးယောင်းလေး မေမေစိတ်မချဘူး "

မေမေသည်လည်းထိုမျှသာပြောကာ ထထွက်သွားလေသည်။ထယ်ယောင်းခမျာတော့ ဂျွန်နဲ့မိဘတွေကြား အဆင်ပြေစေချင်ပါသော်လည်း ပိုဆိုးသောအခြေနေတွေကိုသာ ဆက်တိုက်ဖန်တီးမိနေတာကြောင့် ကိုယ့်ကိုယ်ကိုစိတ်ပျက်မိသည်။

" ဟုတ်ပါတယ် ကလေးရာ
   မိဘတွေကဘယ်စိတ်ချမလဲ
  ကလေးကငယ်သေးတယ်မို့လား
  နောက်မှပဲအေးဆေးညှိနှိုင်းကြတာပေါ့ "

ဒီအိမ်ကနေတစ်ဖဝါးမှမခွာရလေ ကောင်းလေပဲ။ဒါမှသူတို့သား ဘယ်လိုနာကျင်နေသလဲ အနီးကပ်မြင်ခွင့်ရမှာ...
အတွေးနဲ့အမူအရာကတော့ သီးခြားဆန်စွာ ထယ်ယောင်းရဲ့လက်ကလေးတွေကို ဆုတ်ကိုင်ထားလိုက်သည်။

🄰🅅🄴🄽🄶🄴🅁 /TAEKOOKWhere stories live. Discover now