#Zawgyi
ဒီရက်ပိုင်းတွေ ဂျွန့်ရဲ့အလုပ်ပြန်ချိန် ပုံမှန်ဖြစ်နေသည်။အရင်ကလို ညည့်နက်မှပြန်လာသည့် ရက်မရှိသည့်အပြင် ထယ်ယောင်းနှင့်လည်း အရင်ကလိုကတောက်တဆဖြစ်မရှိတော့ပေ။ဂျွန်အရင်လို ပြန်ဂရုစိုက်တော့မယ် ထင်ပါရဲ့......
"ထယ်ယောင်း ကိုယ့်အတွက် အင်္ကျီထုတ်ပေးနိုင်မလား"
အလုပ်ကပြန်ရောက်ရောက်ချင်း ရေချိုးကာ ရေးကြီးသုတ်ပြာဖြစ်နေသည့်ဂျွန်။
" ဘယ်သွားမလို့လဲ ဂျွန် "
" အော Partyတစ်ခုတက်ရမယ် အဆင်ပြေမဲ့suitတစ်စုံ ထုတ်ထားပေး "
အဝတ်တွေ ချွတ်ရင်းတဘက်တစ်ထည်ကို ခါးမှာပတ်ပြီး ရေချိုးခန်းဝင်သွားသည်။Party ဟူသောဂျွန့်အပြောကြောင့် ထယ်ယောင်းစိတ်ထဲတွင် တစ်စုံတစ်ခုခိုအောင်းလာပြန်သည်။
ဂျွန်သည် ပါတနာနှင့်အတူတက်ရသော ဘယ်ပွဲလမ်းသဘင်မဆို သူ့အားခေါ်သွားခြင်းမရှိပေ။အားငယ်စိတ်ဝင်မိသည်။
တစ်နေ့ ဂျွန်သာထားသွားခဲ့ရင် ဆိုတဲ့အတွေးက ထယ်ယောင်းကိုနှိပ်စက်ပြန်သည်။
" ထုတ်ပြီးပြီလား ထယ်ယောင်း "
ရေချိုးပြီးပြန်ထွက်လာသည့်ဂျွန်က ရေစက်ရေပေါက်တွေတွဲခိုရင်း ပိုလို့ပင်ကြည့်ကောင်းနေပြန်သည်။သူဒီလူသားကို ဆုံးရှုံးရလျှင် ရူးသွားနိုင်သည်။
တစ်သက်မှာတစ်ခါပဲ ဖြစ်တည်တဲ့ သူ့ချစ်ခြင်းတွေဟာ ဂျွန်ဆိုသော လူတစ်ယောက်တည်းအတွက်သာ ဖြစ်သည်။
" ထယ်ယောင်း!
ဘာတွေအဲ့လောက်တွေးနေတာလဲ ပေးတော့"သူ့လက်ထဲမှ coatကိုဆွဲယူပြီး ဝတ်နေ၍ အသာထကာ ပြင်ဆင်ပေးလိုက်သည်။တစ်ခါတစ်လေတော့ ဂျွန့်ဆီက တီတီတာတာချစ်စကားသံများ ထယ်ယောင်းကြားချင်မိပြန်သည်။
" ဂျွန် "
တိုးဖွဖွသူ့အသံကို မျက်ခုံးတို့ပင့်ကာသာ ပြန်ထူးသည့် ဂျွန်ရယ်ပါ။
" ယောင်းကို ချစ်သေးရဲ့လားဟင် "
မျက်ခုံးတွေထိလုမတက်ကျုံ့သွားတာ မြင်လိုက်ရသည်။ငါဘာကြောင့်များ ဒီလိုသွားမေးလိုက်ရတာလဲ.....
နှလုံးသားကနာကျင်ရပြန်ပြီလေ...