#Unicode
အရေးပေါ်အစည်းဝေးကြောင့်သာ မဖြစ်မနေလာလိုက်ရသည်။ ဆူထော်နေတဲ့ဗိုက်ပူလေးကို ထားခဲ့ရတာစိတ်ထဲမကောင်းလှ။ဆေးခန်းကိုနှစ်ယောက်အတူသွားကာ ရင်သွေးလေးကိုရင်ခုန်ချင်သည်။ကုမ္ပဏီတွင်လဲဒုဥက္ကဌဖြစ်နေပြီကြောင့် အလုပ်ကိစ္စကိုလဲ လက်လွှတ်လို့ကမရပေ။
အချိန်နှစ်နာရီမျှကြာပြီနောက် အစည်းအဝေးပြီးပြီမို့ ဆေးခန်းရှိရာအမြန်ထွက်လာခဲ့လိုက်သည်။" ကင်မ်ထယ်ယောင်းက အလှည့်ကျပြီးလို့ ပြန်သွားပါပြီ "
သေချာသည်။အိမ်ရောက်လျှင် စိတ်ကောက်နေတော့မည့် ရစ်ထုတ်လေးကို သူသေချာပေါက်ချော့ရပေဦးမည်။
ကလေးငယ်ကြိုက်သော စတော်ဘယ်ရီကိတ်ကလေးဝင်ဝယ်ပြီးကာမှ အိမ်သို့ပြန်လာလိုက်သည်။
သို့သော်အိမ်ရောက်သည်နှင့် ပိတ်ထားသောခြံတံခါးကသာ သူ့ကိုစီးကြိုသည်။
ဖုန်းဆက်ကြည့်တော့လဲ မကိုင်တာကြောင့် ဂျောင်ကုရင်ထဲ ဂဏာမငြိမ်ဖြစ်လာရသည်။
" ကလေးရေ ဘယ်ကိုရောက်နေတာလဲကွာ "
ရုတ်တရက်သတိရမိတာကြောင့် Gpsကိုဖွင့်ကြည့်မိတော့ မြို့ပြင်တစ်နေရာကိုညွှန်ပြနေသည်။
စိုးရိမ်စိတ်ကပိုလို့မြင့်တက်လာရသည်။
ဆေးခန်းကိုသွားတဲ့ကလေးက ဘာအကြောင်းနှင့်မှ မြို့ပြင်ကိုသွားစရာမရှိပေ။သူထင်တာလုံးဝမမှားနိုင်ပေ။ရဲစခန်းကိုအကြောင်းကြားပြီး
ကားကိုအရှိန်တင်ရင်း ကလေးငယ်ရှိရာဆီ သူထွက်လာလိုက်သည်။
ခဏလေးပဲသည်းခံပေးပါကလေးရေ....
.
.
.ထယ်ယောင်းနိုးလာတော့ ခေါင်းကမူးဝေနေဆဲဖြစ်သည်။
" သား ယောင်းလေး အဆင်ပြေရဲ့လား ကလေး "
မေမေ့ရဲ့စိုးရိမ်တကြီးမေးနေသည့်အသံကြားရပေမဲ့ သူပြန်ဖြေဖို့မတတ်နိုင်သေးပေ။
ခဏကြာတော့ ရုန်းရင်းဆန်ခတ်ဖြစ်သည့် အသံတွေကိုသူကြားနေရသည်။" လွှတ်စမ်း လူယုတ်မာကောင် "
ဒါဖေဖေ့အသံပဲ!
" သား!ဟယ်ယွန်း!
ခွေးတိရစ္ဆာန်ကောင် ငါ့သားနဲ့ငါ့မိန်းမကို ခုလွှတ်ပေး "