8

5K 612 22
                                    

#Zawgyi

အချိန်တွေကြာလာတာနှင့်အမျှ ထယ်ယောင်းဘဝမှာ ဂျွန်ဆိုတဲ့လူက မရှိမဖြစ် ဖြစ်လာခဲ့သည်။ဆယ်ကျော်သက်ဖြစ်တဲ့ ထယ်ယောင်းသည် ဂျွန်နဲ့ပတ်သက်လျှင် အရာရာကို ဖြည့်ဆည်းပေးချင်သည်။မချစ်ဖူးလို့ရူးတယ်ဆိုသလို ထယ်ယောင်းက ဂျွန်ဆိုတဲ့လူကို အရူးအမူးချစ်ရပါသည်။

" ဂျွန် "

" အင်း "

လက်ချောင်းလေးတွေအချင်းချင်းယှက်နွယ်ရင်း ဂျွန့်ကိုတမ်းတမိသည်။ထယ်ယောင်းအတွက် မရှိမဖြစ်တဲ့ ဂျွန့်ကိုလေ....

" ယောင်း ခင်ဗျားကြီးကို အရမ်းချစ်နေမိပြီထင်တယ် "

သက်ပြင်းလေးချရင်းပြောမိတော့ ဂျွန်ကရယ်လေသည်။ဒီလူကြီးကအမြဲအဲ့လိုပဲ သူ့ခံစားချက်တွေကိုပြောပြတိုင်း ရယ်နေတတ်သည်။သဘောကျလို့ပဲလား ကလေးဆန်သည်ထင်လို့လား။ဘယ်လိုထင်ပါစေ ဂျွန့်ကိုချစ်တဲ့အကြောင်းတွေပြောရခြင်းကို ထယ်ယောင်းအလွန်နှစ်သက်သည်။

" အကယ်၍ကလေးနဲ့ကိုယ်သာ အကြောင်းတစ်ခုခုကြောင့် ဝေးရမယ်ဆို ဘယ်လိုလုပ်.."

" ဂျွန်!! "

စကားပင်မဆုံးလိုက် သူ့နာမည်ကို ခေါ်လိုက်သည့်ကောင်လေး။မျက်နှာလေးကိုကြည့်မိတော့ မျက်ရည်တွေဝေ့နေလေပြီ။မင်းသိပ်ဖြူစင်လွန်းတဲ့အခါ ငါ့ကိုယ်ငါလွန်တယ်ထင်မိတယ် ထယ်ယောင်း.....

" ဟင့်  အဲ့လိုမပြောပါနဲ့ ယောင်း- ယောင်းမှာဂျွန်မရှိလို့မဖြစ်ဘူး

ဘယ်လိုအရာတွေပဲကြုံလာပါစေ ယောင်းဟောဒီလက်တွေကို လွှတ်မှာမဟုတ်ဘူး "

ဆုတ်ကိုင်ထားတဲ့လက်တွေကို မြှောက်ပြရင်း လေးနက်စွာပြောလာသည့် စကားလုံးတွေ။ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့ ထယ်ယောင်း..
ကောင်လေးရဲ့ခန္ဓာကိုယ်သေးသေးလေးကို ရင်ခွင်ထဲထည့်ထားလိုက်တော့ လက်သေးသေးလေးတွေက သူ့ခါးကိုတင်းတင်းကျပ်ကျပ် ပြန်လည်ဖက်တွယ်လာသည်။
ထိုအတိုင်းအချိန်တော်တော်ကြာသည်ထိ နေခဲ့သည်။

" ထတော့ယောင်း အိမ်ပြန်ချိန် နောက်ကျနေပြီ
  
  တော်ကြာ ယောင်းရဲ့မေမေစိတ်ပူနေလိမ့်မယ် "

🄰🅅🄴🄽🄶🄴🅁 /TAEKOOKWhere stories live. Discover now