17

6.5K 546 5
                                    

#Unicode

" ကလေး တကယ်- တကယ်ပြောတာလား ပြောပါဦး ကိုယ့်ကို ပြန်ပြောပေးပါဦး "

ဂျွန့်ပုံစံက တကယ်ကိုအရူးတစ်ယောက်လိုပင်။ထယ်ယောင်းကြည့်ရင်း မျက်ရည်ဝဲမိသည်။ဂျွန်ဒီမျှလောက် ကလေးကိုရူးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ထို့ကြောင့် ဂျွန်ရဲ့လက်ကို ဆွဲယူကာ ဗိုက်ကလေးပေါ်သို့တင်ရင်

" ဒီထဲမှာ ဂျွန့်ရဲ့သေးသေးလေး ရှိနေပြီလို့ "

" ဟား ကိုယ်- ကိုယ်ပျော်လိုက်တာ ကလေးရယ်
ပြောမပြတတ်အောင်ပါပဲ "

ထို့နောက်လူကို ရင်ခွင်ထဲဆွဲသွင်းရင်း တင်းကျပ်စွာ ဖက်ထားပြန်သည်။

" ကျေးဇူးပါ ကလေးရယ်
ကိုယ်အရမ်းပျော်နေတာ သိရဲ့လား "

ထိုနေ့မှစ၍ ဂျွန်သည်သူ့အား အလွန်ပင်သည်းသည်းလှုပ်ကာ ဂရုစိုက်သည်။မေမေတို့ဆီလည်း သူကိုယ်တိုင်ပင် ဖုန်းဆက်ကာကြွားသေးသည်။တကယ်ပဲ သားသမီးဆိုတဲ့ရတနာလေးက အရာရာကိုပြောင်းလဲပေးခဲ့ပါသည်။

" ကလေးရေ မြန်မြန်လုပ်ကွာ ရေချိုးတာကြာနေပြီ "

လေးလထဲရောက်လာပြီဖြစ်တဲ့ ဆူလုံးလုံးဗိုက်သေးသေးလေးဖြင့် ရေချိုးပြီးကာစမို့ရှင်းသန့်နေတဲ့မျက်နှာသေးသေးလေး။
ကိုယ်ဝန်လွယ်ထားရသူမို့ နဂိုအညိုရောင်ပြေးတဲ့အသားလေးတွေက ဖွေးနုပြီး တစ်ခုခုဆို အရာထင်လွယ်လှသည်။

" လာပါပြီ ဂျွန်ရယ် သိပ်ကဲတာပဲ "

" ခင်ဗျားလေး နေမကောင်းမှာဆိုးလို့ပေါ့ ပေါက်စလေးရဲ့သိရဲ့လား "

ရေစိုနေသော ခြေထောက်ဖွေးဖွေးလေးတွေနဲ့ လမ်းမလျှောက်စေချင်တာမို့ ရုတ်တရက်ပွေ့ချီတော့ လန့်သွားသည်ထင် လည်ပင်းကို ကျစ်ကျစ်ပါအောင် သိုင်းဖက်ထားသည်။

" အာ sorry ကိုယ်လောသွားတယ် ကလေးချော်လဲမှာဆိုးလို့ "

" လန့်သွားတာပဲ "

" တောင်းပန်ပါတယ် ဗိုက်ထဲက သားသားရော လန့်သွားသေးလား ဒယ်ဒီကတောင်းပန်ပါတယ်နော် "

အိပ်ယာပေါ်အသာချပေးကာ ဗိုက်ကလေးနားကပ်ပြောတော့ ရယ်သံလေးတွေက သာယာစွာထွက်ပေါ်လာတော့သည်။
ကိုယ်ဝန်လွယ်ထားရတဲ့ ကလေးငယ်ကို မြတ်နိုးရသလို သနားစိတ်လဲပိုလှသည်။သူ့ခမျာ လူကောင်သေးသေးလေးနှင့် ကိုက်ခဲသည့်ဝေဒနာတွေခံစားရတတ်သလို ခြေထောက်တွေလည်း ရောင်းရမ်းတတ်သည်မိ ဆေးလိမ်းပေးရပေါင်းလဲမနည်း။
ကိုယ့်အတွက် ခက်ခဲတဲ့ကြားက ရင်သွေးလေးကို ကြိုးစားပြီးဂရုစိုက်ပေးနေလို့ ကျေးဇူးပါ ကလေးရေ....

🄰🅅🄴🄽🄶🄴🅁 /TAEKOOKWhere stories live. Discover now