20

6.3K 536 1
                                    

#Unicode

ကလေးတို့ရဲ့ လမ်းထိပ်က ကော်ဖီဆိုင်လေးမှာ နှစ်ယောက်အတူထိုင်နေခြင်းဖြစ်သည်။

ကလေးငယ်ရဲ့မျက်နှာလေးကတော့သူ့ဆီမှာရှိမနေခဲ့။
မှန်ရဲ့တစ်ဖက်ခြမ်းက သွားလာလှုပ်ရှားနေတဲ့လူတွေကိုသာ တွေတွေလေးကြည့်နေသည်။

" ကိုယ် မှားခဲ့ပါတယ် ကလေး
  ဒါပေမဲ့ အဖြစ်ပျက်တွေက ကိုယ်တိုင်လဲနားလည်မှုလွဲခဲ့တာကြောင့်ပါ မင်းကိုချစ်ခဲ့တာကိုတော့ ယုံပေးပါကလေးရယ်
ကိုယ်တကယ်မြတ်မြတ်နိုးနိုးနဲ့ ချစ်ခဲ့တာပါ "

ထိုသည့်တိုင်အောင် ကောင်ငယ်လေးရဲ့ မျက်ဝန်းတွေက သူ့ထံရောက်မလာခဲ့ပါ

" အခုမှ ဒါတွေပြောနေလို့ ထူးခြားလာမှာမဟုတ်ဘူး
  ကျွန်တော့်ဆီမှာ ခင်ဗျားနဲ့ပတ်သတ်ပြီး ခံစားချက်မရှိတော့ဘူး "

တကယ်ကို သွေးအေးနိုင်လွန်းတဲ့ကောင်ငယ်လေးပါ။ကျွန်တော့်ကိုမချစ်ကြောင်း တည်တည်ငြိမ်ငြိမ်သာပြောနေသည်။

" သားကခင်ဗျားရဲ့သွေးသားပဲမို့ ဆက်တွေ့လို့ရပါတယ်
ကျွန်တော်မတားဘူး
ဒါပေမဲ့သားကိုကျွန်တော့်ဆီက ခေါ်ထုတ်သွားဖို့တော့ မကြိုးစားပါနဲ့
သားကကျွန်တော့်ရဲ့အရာရာမို့လို့ ဒါတော့မဖြစ်နိုင်ဘူး "

" ကိုယ်ခေါ်ချင်ရင် မင်းကိုပါခေါ်မှာပါ ကလေးရာ
သားကိုမင်းနဲ့ခွဲဖို့လည်းဆန္ဒမရှိပါဘူး ကိုယ်လဲမင်းနဲ့ခွဲမနေချင်တော့ဘူး ယောင်း

အကြောင်းပြချက်တွေပေးနေတာမျိုးမဟုတ်ရပါဘူး

ဒါပေမဲ့ ကိုယ့်ကိုအခွင့်ရေးလေးပေးပါလားကွာ နော် "

စားပွဲပေါ်က လက်သွယ်သွယ်လေးတွေကို အရဲတင်းပြီး ဆုတ်ကိုင်ကာတောင်းဆိုတော့ မသိမသာရုန်းထွက်သည်။

" ပြန်တော့မယ် "

" ကိုယ်လိုက်ပို့ပါစေ "

တောင်းဆိုတော့မငြင်းပေ။ရုပ်တည်လေးနဲ့သာ အရှေ့ကထွက်သွားသည်။

တစ်ထစ်လောက်ပဲဖြစ်ဖြစ်လျော့ပေးပါလား ကလေးရယ်

ကိုယ်မှားခဲ့တယ်ဆိုရင်တောင် ၅နှစ်ဆိုတဲ့ကာလက ကိုယ့်အပြစ်အတွက် ထိုက်တန်လွန်းလှနေပါပြီ။

🄰🅅🄴🄽🄶🄴🅁 /TAEKOOKWhere stories live. Discover now