Zawgyi
Chapter 18- ဒီနေ့ည ငါအနိုင်ရဖို့ကို မစောင့်နိုင်တော့ဘူး
Jennie's POV
နေ့လည်စာစားချိန်တောင်ရောက်နေပြီကို LiLi က အလုပ်ဆက်လုပ်နေတုန်းပဲ
ကျွန်မကတော့ ခြေချင်းဝတ်က နည်းနည်းနာနေသေးတာမို့ ဆိုဖာပေါ်မှာပဲ ထိုင်နေတယ် မနက်ကထက်စာရင်တော့ မနာတော့ပါဘူး လှုပ်လှုပ်ရှားရှားလုပ်နိုင်နေပါပြီLisa:နေရသက်သာရဲ့လား အဆင်ပြေသွားပြီလား
Jennie:Omm
သူနှိပ်နယ်ပေးပြီးနောက်ပိုင်း တော်တော်သက်သာသွားတယ်
Lisa:ထပ်နှိပ်ပေးရအုံးမလား
Laptop ကိုပိတ်ပြီး ကျွန်မဆီလာနေတဲ့ LiLi...
Jennie:ရပါတယ် မလိုတော့ပါဘူး အဆင်ပြေနေပါပြီ
ပြီးတော့ သက်သာအောင်လုပ်ပေးလို့ ကျေးဇူးပဲသူက ဘေးမှာ ဝင်ထိုင်ရင်း
Lisa:You are welcome..နင့်အတွက်ဆို အမြဲတမ်းရှိနေမယ် Baby NiNi
ထပ်ပြီး သူ့ပေါင်ပေါ်ကို ကျွန်မ ခြေထောက်တင်ထားပြန်ပြီ
*အဆင်ပြေပါတယ်ဆိုနေ*
ဖုန်းသံမြည်လာတော့ သူက ထုတ်ကြည့်ပြီး Caller ကို
မြင်တာနဲ့ သူ့အပြုံးတွေက ပေါ်လာသည်။Lisa:Hey Princess
Princess ဆိုတာနဲ့ တဖက်လူက ဘယ်သူမှန်းသိတာမို့ ကျွန်မပြုံးမိသည်။
*ချယ်ယောင်းလေးပဲ*
LiLi က speaker ဖွင့်ကာ ဖုန်းကို နှစ်ယောက်ကြားထဲမှာကိုင်ပေးထားတော့ တဖက်က တက်ကြွပျော်ရွှင်နေတဲ့
ချယ်ယောင်းလေး အသံကို ကြားရသည်။Chae:Hi Jennie
Jennie:Hi Rosie
Chae:ပြောစရာရှိလို့လေ ဒီနေ့ညကျရင် Jisoo အရမ်းလိုချင်ခဲ့တဲ့ project ကိစ္စအဆင်ပြေသွားတာရယ် ညီမ ကိုယ်ဝန်ရှိနေတာရယ်ကြောင့် ဂုဏ်ပြုပွဲ party လုပ်မလို့လေ နေရာကို message လှမ်းပို့လိုက်မှာမို့ နှစ်ယောက်လုံး မဖြစ်မနေ လာကို လာရမယ်နော် ဒီနေ့ညကတော့ ပျော်စရာကောင်းနေတော့မှာပဲ!!
စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတဲ့ သူမကြောင့် ကျွန်မရော
LiLi ရော ရယ်နေမိသည်။
YOU ARE READING
LiLi's One and Only Girl
RomanceNot Mine Original Title - His Very Personal Assistant Original Writer - sweetchoclate9