Chapter-17

3.1K 338 16
                                    

Zawgyi

Chapter 17- နင့်အပေါ်မှာထားတဲ့ ငါ့အချစ်တွေကို သံသယမဝင်ပါနဲ့တော့

The Past,

Jennie's POV

Lisa:လာလေ နင်ငါတို့နဲ့ နေ့လည်စာ အတူတူ စားရမယ်

Jennie:ငါတို့?

Lisa:အင်း ငါရဲ့သူငယ်ချင်းအဖွဲ့လေ

သူ့သူငယ်ချင်းတွေနဲ့ဆိုလို့ လန့်သွားတယ် ကျွန်မ မလိုက်ချင်ဘူး

Jennie:LiLi ငါနင့်ရဲ့ သူငယ်ချင်းတွေနဲ့ အတူမစားချင်ဘူး ငါပြောချင်တာကဟာ နင်တို့က တစ်ဖွဲ့လုံးလေ ငါက အသစ်လို လူစိမ်းလို ဖြစ်နေမှာပေါ့ ငါစားနေကျနေရာမှာပဲ ငါ့ဘာသာငါ တစ်ယောက်ထဲ စားချင်တယ်

ကျွန်မလက်ကို သူဆုပ်ကိုင်ထားတာမို့ ရုန်းထွက်ဖို့ ကြိုးစားသည်။

Lisa:မရဘူး နင်ငါတို့နဲ့ အတူစားရမယ် Baby NiNi ငါထပ်မပြောတော့ဘူး

Jennie:LiLi လုပ်ပါဟာ

Lisa:နင်မလိုက်ဘူးဆိုရင်တောင် နင့်ကို ချီပြီး ခေါ်သွားမှာနော်

ဘာမှပြောမနေတော့ဘဲ ထွက်သွားဖို့လုပ်တော့ သူက ပြန်ဆွဲထားသည်။

Jennie:LiLi ငါ့ကိုလွှတ်

Lisa:No

ရုတ်တရတ် ကျွန်မကို မ,ချီလိုက်တဲ့သူ့ကြောင့် အလန့်တကြားအော်မိသည်။

Jennie:ငါ့ကိုအောက်ပြန်ချပေး! ပြန်ချပေးပါဆို!
Okay! Okay! နင်နဲ့လိုက်ပေးမယ် အဲ့တာကြောင့်မို့
ငါ့ကို အခု အောက်ချပေး!

စပ်ဖြီးဖြီးမျက်နှာနဲ့ အောက်ပြန်ချပေးနေတဲ့ သူ့ကို စိတ်ရှိတိုင်း ထုပစ်လိုက်ချင်တာ

Lisa:လာခဲ့ သွားမယ်

ကျွန်မလက်ကို ဆုပ်ကိုင်ပြီး ဆွဲခေါ်သွားလိုက်တာ
ကန်တင်းတောင်ရောက်သွားပြီ
အထဲရောက်တော့ ကျွန်မ ခေါင်းတောင် ဖော်မကြည့်ရဲဘူး အောက်ပဲ ငုံ့ထားပေမဲ့ တိုးတိ တိုးတိနဲ့ ပြောနေတာတွေတော့ ကြားရတယ်။

*ဒါပေါ့ သူတို့အံ့သြကြမှာပဲလေ ဒီကျောင်းရဲ့ Popular အဖြစ်ဆုံး ကောင်မလေးက ကျောင်းမှာ ပုံအတုံးဆုံး
ကောင်မလေးနဲ့ လက်ချင်းတွဲထားပြီး ဝင်လာတာဆိုတော့ သူတို့အံ့သြကြတာ မဆန်းပါဘူး*

LiLi's One and Only GirlWhere stories live. Discover now