Chapter-9

4.3K 370 27
                                    

Zawgyi

Chapter 9-နင်တစ်ယောက်ထဲကြောင့်သာ ရူးသွပ်နေတာ

Jennie's POV

Jennie:Luke က..

သိပ်မဖြေချင်တာမို့ သူ့အကြည့်တွေကို ရှောင်ပြီး
ဝေ့နေမိသည်။

Lisa:သူက ဘယ်သူလဲ!!

သူ စိတ်မရှည်တော့ဘူးလေ

Jennie:Luke က ငါ့ရဲ့ အရင် ex ပဲ ငါ့ကို Baby ကို မခေါ်ဖို့လဲ သူ့ကို ပြောထားပေမဲ့ နားမထောင်ဘူး

အခုထိကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတုန်းပဲ ကျွန်မလဲ ခပ်တည်တည်ပဲ လက်ပိုက်ရပ်နေရင်း သူ့အကြည့်တွေကို မကြောက်သလို နေပြလိုက်တယ်။

Lisa:သူနင့်ကို ပို့တဲ့ message ကို ငါတွေ့လိုက်တယ် ဘာတဲ့ 'နင့်ဆီက အဖြေကိုစောင့်နေမယ် Baby' တဲ့ အဲ့ဒါကရော ဘာသဘောလဲ

ဘယ်လောက်ပဲ မသိချင်ယောင်ဆောင်ပြီး ခပ်တည်တည်နေ,နေပါစေ အခုသူတည့်တိုးမေးလိုက်တဲ့ မေးခွန်းကြောင့် ကျွန်မရဲ့ confidence တွေ အကုန်ပျောက်ကုန်ပြီ

*Oh..No..အခြေအနေမကောင်းတော့ဘူး*

Jennie:အဲ့ဒါက..Umm..ဟို..

Lisa:ဘာလဲဆိုတာ ပြောသာ ပြောစမ်းပါ Baby NiNi!

မထူးတော့တဲ့ အဆုံး သူ့ရဲ့ ဒေါသထွက်နေတဲ့မျက်လုံးတွေကိုသာ တည့်တည့်ကြည့်လိုက်ပြီး

Jennie:Luke က အရင်လို ရည်းစားပြန်ဖြစ်ချင်လို့ ပြောနေတာ ငါ့ကို စဉ်းစားခိုင်းထားတာ အခု သူပြောတဲ့ အဖြေဆိုတာ အဲ့ဒါကို ပြောတာ

သူမေးလို့ ဖြေသာဖြေနေရတယ် သူ့ဒေါသကို ကြောက်လို့ ကျွန်မအသံတွေက အနည်းငယ်တုန်ရီနေပြီ။

သူ့မျက်နှာက ကြောက်စရာကောင်းလောက်တဲ့ အထိ ဖြစ်နေတာမို့ ကျွန်မ လန့်ပြီး အနောက်ကို တစ်လှမ်းဆုတ်မိတော့ သူက ကျွန်မ လက်မောင်းနှစ်ဖက်ကို ကိုင်ပြီး ပြန်ဆွဲတယ် အခုဆို ကျွန်မတို့ မျက်နှာတွေက အရမ်းကို နီးကပ်နေပြီ။

Lisa:နင်ရော ဖြစ်ချင်လား

Jennie:ဘာကိုလဲ

Lisa:သူနဲ့အတူ ပြန်တွဲချင်နေလား

LiLi's One and Only GirlWhere stories live. Discover now