Zawgyi
Chapter-20
လွန်ခဲ့သော ၁၀နှစ်က
Lisa's POV
သူမ နှုတ်ခမ်းသားတွေက နူးညံ့လွန်းတယ်
သူမ ပါးစပ်လေးဟသွားတော့ အတွင်းထဲ လျှာထိုးသွင်းပြီး စိတ်တိုင်းကျ မွှေလိုက်သည်။
ခုဏလေးတင် သူမ စားခဲ့တဲ့ ချောကလက်အရသာကလဲ ချိုမြိန်လိုက်တာ
သူမ ခန္ဓာကိုယ်ကိုလဲ နီးကပ်သထက် ပိုနီးကပ်အောင် တင်းတင်းကြပ်ကြပ်ဖက်ထားမိသည်။Jennie:LiLi..
သူမ ပါးစပ်က ညည်းလိုက်တဲ့ ကျွန်မ နာမည်ကို ကြားရတာကလဲ ခံစားမှုကောင်းတစ်မျိုးပဲ။
နမ်းနေရာကနေ ရပ်လိုက်ပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြင်နာစွာ ကြည့်နေကြတယ်။
သူမ မျက်လုံးထဲမှာ ကြင်နာမှုတွေ မေတ္တာတွေ ပြီးတော့ ဖြူစင်မှုတွေကို တွေ့မြင်နေရတယ်။မနေ့ညက တကယ့်ကို အမှတ်တရများစွာနဲ့ ညပါပဲ
တစ်သက်လုံး မမေ့နိုင်တော့မဲ့ ကြည်နူးစရာ အမှတ်တရတွေပေါ့။အဲ့တာ သူမရဲ့ အပျိုစင်ကို ကျွန်မ သိမ်းပိုက်ခဲ့တဲ့ည။
သူမရဲ့ ပထမဆုံးဖြစ်ရတဲ့အတွက် အရမ်းကျေနပ်ခဲ့တယ်။ အဲ့ကိစ္စမှမဟုတ်ဘူး အရာအားလုံးမှာ ကျွန်မက သူမရဲ့ ပထမဆုံးတွေဖြစ်ခဲ့တာ။ သူမက အဲ့သလိုကို ဖြူစင်တယ်။ကျွန်မဆီ ယုံကြည်ပြီး ပေးအပ်ခဲ့တဲ့ သူမကို စိတ်ပျက်အောင် လုပ်ဖို့ စိတ်ကူးမရှိဘူး။ ဘာလို့ဆို သူမက ကျွန်မတစ်ယောက်ထဲ အပိုင်။
Jennie:LiLi..
Lisa:humm..
Jennie:ငါအထဲဝင်သင့်ပြီ အခုက အိမ်ရှေ့မှာ ကားရပ်ထားတာဆိုတော့ အချိန်မရွေး အဖေနဲ့ တိုးသွားနိုင်တယ်
ပြီးတော့ အိမ်နီးချင်းတွေလဲ သူတို့အပြင်ထွက်တာနဲ့တိုးရင် ငါတို့ကို မြင်သွားနိုင်တယ်သူမကို ပိုမိုတင်းကြပ်စွာ ဖက်ပြီး
Lisa:ငါ့ပေါင်ပေါ်မှာပဲ ခဏလောက် ထပ်နေပေးပါ
အခုမှ ၇နာရီပဲ ရှိပါသေးတယ် ပြီးတော့ နင့်ဘေးပတ်ဝန်းကျင်ပြောမှာတွေကို ငါဂရုမစိုက်ဘူး
YOU ARE READING
LiLi's One and Only Girl
RomanceNot Mine Original Title - His Very Personal Assistant Original Writer - sweetchoclate9