Chapter-27

3.2K 343 24
                                    

Zawgyi

Chapter-27

Jennie's POV

Jennie:LiLi

မရဲမရဲနဲ့ သူ့ရှေ့ထွက်ပြလိုက်သည်။
ကျွန်မဝတ်တာက အနက်ရောင်ဂါဝန်ကိုမှ ငွေရောင်ချည်တွေလဲ ထိုးထားတာ
ဂါဝန်က တင်ပါးဖုံးရုံလောက်သာ ရှည်သည်။
ရင်ဘတ်လဲ တချက်တချက် အနည်းငယ်မြင်ရင် မြင်ရနိုင်သည်
ကိုယ်လုံးကြပ်မို့ တစ်ကိုယ်လုံး အလှတွေ အကုန်ပေါ်လွင်သည်။

သူက ကျွန်မကို ခေါင်းစခြေဆုံးကြည့်ပြီး

Lisa:အရမ်းကြီး sexy ကျလွန်းတယ် မရဘူး အခုချက်ချင်း သွားလဲချေ!!

ကျွန်မ မျက်နှာထားကို မြင်တော့ သူ့ အသံကို လျှော့လိုက်သည်

Lisa:အမိန့်ပေးမိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်
ဒါပေမဲ့လဲ ကျေးဇူးပြုပြီး ပြန်သွားလဲပါ

Jennie:မလဲဘူး ငါကြိုက်တယ် ပြီးတော့ နင့်ပါးစပ်ကနေတောင် ထွက်သွားတယ်လေ ငါက-

Lisa:Sexy ကျနေတာ အေး မှန်တယ် ဒါပေမဲ့ တခြားလူတွေ နင့်ကိုကြည့်မှာ ငါမကြိုက်ဘူး နင်ပါလာတဲ့အိတ်ဘယ်မှာလဲ အဝတ်အစားကိုငါရွေးပေးမယ်

Jennie:ငါက အဝတ်ကို နည်းနည်းပဲ ယူလာတာ
ပွဲတက်လို့ကောင်းတာဆိုလို့ ဒီတစ်ခုပဲရှိတာ ကျန်တဲ့ဝတ်စုံတော့ ရှိတယ် ဒီဟာထက် ပိုတိုတယ် ငါ့ကို အဲ့တာ ဝတ်စေချင်တာလား

Lisa:မဝတ်ရဘူး!! အို..ဘုရားသခင်! ဒီမှာ နှိပ်စက်ခံနေရပြီ ....ဒါဆိုရင် ငါ့ဘေးနားမှာပဲ နေရမယ်နော် အဲ့တာတော့ ကတိပေးပါ

Jennie:ဒါဆို နင်ငါ့ကို စိတ်မဆိုးတော့ဘူးပေါ့ ဟုတ်လား

မျှော်လင့်တကြီး မေးကြည့်လိုက်သည်။

သူက ရုတ်တရတ် မျက်လုံးပြူးသွားပြီး ချက်ချင်း မျက်နှာပြန်တည်ကာ

Lisa:မပြေသေးဘူး

Jennie:ဒါပေမဲ့-

ဆက်ပြောမလို့လုပ်တော့ တံခါးခေါက်သံကြားရတာမို့
တံခါးဖွင့်မယ်လုပ်တော့ LiLi က ကျွန်မကို သူ့နောက်မှာထားကာ သူသွားဖွင့်သည်။

ဆူပုပ်နေတဲ့မျက်နှာနဲ့ Ryan ကို တွေ့လိုက်ရသည်။
ဒါနဲ့ သူဘာလို့ ဆူပုပ်နေတာပါလိမ့်

LiLi's One and Only GirlWhere stories live. Discover now