Chapter-2

5.9K 433 16
                                    

Zawgyi

Chapter 2- ကြောက်နေပြီလား Baby NiNi

Jennie's POV

အဲ့ မကောင်းတဲ့ သူ့ကြောင့်ပဲ မနက် ၅ နာရီ ကတည်းက ထနေရတာ Urrgh..မြန်မြန် ပြင်ဆင်ပြီး အိမ်ကနေ အမြန်ထွက်လာရသည် ကားမောင်းနေတုန်းမှာပဲ သူ့ကို စိတ်တိုနေလို့
စတီယာရင်တိုင်ကို လက်နဲ့ ထုမိသည်

သူ ရှာမတွေ့အောင် ရှောင်ပြေးနေခဲ့တာကိုပဲ ကျွန်မကို ရှာတွေ့သွားသေးတာ ကျွန်မဆီက ဘာလိုချင်သေးတာလဲ သူ့ကို ကျွန်မရဲ့ အရာ အားလုံးပေးခဲ့တာပဲလေ အဲ့ဒါနဲ့တင် မကျေနပ်နိုင် သေးဘူးလား ကျွန်မဆီက ဘာဖျက်ဆီးဖို့ ကျန်နေသေးလို့လဲ ကျွန်မ အသည်းကို ခွဲခဲ့ပြီးပြီလေ အခုလဲ အချိန်တိုင်း မိနစ်တိုင်းကို သူနဲ့ အတူရှိနေအောင်လို့ သူ့အတွက် အလုပ်လုပ်ခိုင်းနေပြန်ပြီ Urrgh..

အတိတ်ကအကြောင်းတွေ ပြန်တွေးမိတော့ မျက်ရည်တွေက အတားအဆီးမရှိ ကျလာ ပြန်သည် ကျလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည် သူ့ကြောင့် ဘယ်တော့မှ ထပ်မငိုတော့ဘူး သူ့ကို ရင်ဆိုင်ရဲတယ် အရင်လို ပျော့ညံ့ညံ့နဲ့ တုံးအ တဲ့ ကောင်မလေး မဟုတ်တော့ဘူး

သူ့ကို Club မှာ ပြန်တွေ့တုန်းက နေရာမှာတင် ကြောင်ပြီး ရပ်ကြည့်နေခဲ့မိတယ် သူအတော် ပြောင်းလဲသွားတာ အရပ်လဲ ကျွန်မထက် ရှည်ပြီးသားကို ပိုရှည်လာတယ် အရင်ကထက်တောင် muscle တွေ ပိုတောင့်လာတယ် ပြီးတော့ အရင်လိုပဲ ကြည့်ကောင်းနေတုန်းပဲ ပိုကြည့်ကောင်းလာပြောရမယ်

သူ့ဆီကနေသာ ရှောင်ပြေးနေတာ သူ့အကြောင်းတွေကတော့ အမြဲ သတင်းတွေထဲမှာ ပါလာတော့ မြင်နေရတယ် ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ တွဲတွေ့ရတာမျိုး တွေလဲ Magazine တွေထဲ ပါ,ပါလာတတ်တယ် ရည်းစားတွေ အဲ့လောက်ထားနေတာ မမောနိုင်ဘူးလား အခုလဲ ကြည့်။
Ms.Kim Jisoo ဆီကနေ အလုပ်ပြုတ်အောင်လုပ်ပြီး သူ့ဆီမှာ အလုပ်လုပ်ခိုင်းနေတယ် တခြား အလုပ်တွေလဲ ရှာမရအောင် လုပ်ထားတယ် ဘယ်လိုမှ ရွေးချယ်စရာမရှိအောင် လုပ်သွားတာ

တခြား တောက်တိုမယ်ရလေးတွေ လိုက်လုပ်ရင်တော့ ရနိုင်ပေမဲ့ ပိုက်ဆံ အများကြီး လိုနေတာကြောင့် ဒီအလုပ်ကို လုပ်မှ ဖြစ်တော့မယ် ကျွန်မအဖေရဲ့ အဆုတ်ရောဂါက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာတယ် ခွဲစိတ်ဖို့ အတွက် ပိုက်ဆံလိုတယ် အဲ့ကြောင့် သူ့ဆီမှာ အလုပ်လုပ်မှ ဖြစ်တော့မှာ။
ကျွန်မမှာလဲ အဖေပဲ ကျန်တော့တာ အမေက ကျွန်မ အသက် ၁၃ နှစ်ကတည်းက ဆုံးသွားခဲ့ပြီ။

LiLi's One and Only GirlWhere stories live. Discover now