Zawgyi
Chapter 7-Wild cat လေးက Beast ရဲ့ ရင်ခွင်ထဲ ပြန်ရောက်လာပြီ
Jennie's POV
Jennie:ငါကြောက်တယ် LiLi..
ကျွန်မ ကုတင်ပေါ်မှာ သူ့ကို တင်းကြပ်စွာ ဖက်တွယ်ထားရင်း ကြောက်စိတ်ကြောင့် မျက်လုံးတွေကို
မဖွင့်မိအောင် ခပ်တင်းတင်းမှိတ်ထားရသည်ကျွန်မကြောက်နေမှန်းသိတော့ သူကလဲ တင်းကြပ်စွာ ပြန်ဖက်ပေးသည် သူ့ရင်ခွင်ပေါ် ခေါင်းတင်ထားလျက် သူ့လည်ပင်းကို ကျွန်မလက်တွေနဲ့ ဖက်တွယ်ထားမိသည်
Lisa:ဘာမှ မကြောက်နဲ့နော် Baby NiNi..ငါရှိတယ် နင့်အတွက် ရှိနေပေးမယ်
ကြောက်စိတ်ပြေအောင် ချော့ပြောပေးပြီး ကျွန်မ နဖူးကို ညင်သာစွာ လာနမ်းသည် ကျွန်မကတော့ သူ့ကို ခပ်တင်းတင်း ဖက်ထားဆဲ။
ထိုစဉ် မိုးချုန်းသံတွေ ထပ်ကြားရပြီး လျှပ်စီးရောင်တွေကလဲ ပြတင်းပေါက်ကနေ အခန်းတွင်းထိ ရောင်ပြန်ဟပ်လာတာကြောင့် သူ့အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်
Jenni:LiLi..
ကြောက်စိတ်ပျောက်လိုငြား တုန်ရီနေတဲ့ အသံနဲ့ပဲ သူ့နာမည်ကို ခေါ်ကြည့်ရသည်
Lisa:Baby NiNi..ဘာမှ မဖြစ်ဘူးနော် ငါဒီမှာ ရှိတယ်လေ ငါ့ကို ကြည့်။
သူနဲ့ ဖက်ထားရာက အနည်းငယ်ခွာလိုက်ပြီး ကျွန်မ မျက်နှာကို ကိုင်ပြီး ပြောသည်
သူ့ကို ကြည့်လိုက်တော့ သူကလဲ ကျွန်မကို ကြည့်နေတာမို့ သူ့မျက်ဝန်းတွေကြားထဲ မျောနေမိသည်
Lisa:စိတ်အေးအေးထား။ငါလဲ ဒီမှာရှိနေတယ် နင့်ဘေးနားမှာပဲလေ နင့်ကို ဖက်ထားနေပေးတယ်
ငါရှိနေသရွေ့ နင့်ဆီကို အန္တရာယ်တွေ မကျရောက်စေရဘူးမိုးခြိမ်းသံတွေ အဆက်မပြတ် ကြားနေရပေမဲ့
သူ့မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ကတိတစ်ခုလို မြင်နေရတာကြောင့် အနည်းငယ် စိတ်အေးရသည်Jennie:Thank You..
သူ့ကို ပြုံးပြတော့ သူက ကျွန်မ နဖူးထိပ်ကို နမ်းပေးသည်
YOU ARE READING
LiLi's One and Only Girl
RomansaNot Mine Original Title - His Very Personal Assistant Original Writer - sweetchoclate9