Chapter-10

4.5K 371 21
                                    

Zawgyi

Chapter 10- ငါ နင့်ကို တကယ်ချစ်ခဲ့တာပါ အခုထိလဲ ချစ်နေတုန်းပဲ

Lisa's POV

ပါးစပ်ဟောင်းလောင်းဖြစ်သည်အထိ အံ့သြရင်းသာ နေရာမှာတင် ရပ်နေမိသည်။

*သူမ သိနေခဲ့တယ်! အဲ့လောင်းကြေးကိစ္စကို သိနေခဲ့တာပေါ့ ဘယ်လိုလဲ ဘယ်လိုကြောင့် သိသွားရတာလဲ*

သူမက လက်ပိုက်ပြီး ကျွန်မကို မျက်ခုံးတစ်ဖက်ပင့်ပြတယ်။

Jennie:အံ့သြသွားလား

သူမ စကားလုံးတွေထဲမှာ ခနဲ့တဲ့ လေသံပါနေသည်။

ဘာပြန်ပြောရမယ်မှန်းမသိတာကြောင့် သူမကို ဒီတိုင်းပဲ ရပ်ကြည့်နေမိသည်။

Jennie:အဲ့လောင်းကြေးအကြောင်းသိရတဲ့အချိန်မှာ ငါလဲ နင့်လိုပဲ အံ့သြခဲ့ရတာ၊ လောင်းကြေးအတွက်နဲ့ ငါ့ကို ဘယ်လို အသုံးချခဲ့လဲဆိုတာကိုပေါ့

ကျွန်မကို ကြည့်နေတဲ့ သူမ အကြည့်တွေက ကျွန်မကို ရွံတယ်ဆိုပြီး ပြောနေသလိုပဲ။

*သူမရဲ့ အဲ့လိုအကြည့်တွေကို တကယ်မခံစားနိုင်ဘူး ကျေးဇူးပြုပြီး ငါ့ကို ရွံရှာသလိုမျိုး မကြည့်ပါနဲ့လား Jennie ရယ်*

Lisa:Baby NiNi.....

သူမ နာမည်ကို ခေါ်ရင်း ရှေ့တစ်လှမ်းတိုးကာ သူမလက်မောင်းကို ကိုင်ရန် လက်ဆန့်လိုက်တော့ သူမက ချက်ချင်း နောက်ဆုတ်သွားလေသည်။
ကျွန်မနဲ့အသားချင်းထိရတာကိုက သူမအတွက် ပူလောင်တဲ့ မီးတစ်ခုကို ထိမိသလို ဖြစ်နေပုံပေါ်သည်။

Jennie:မလာနဲ့ အဲ့နားမှာပဲ ရပ်နေ!

Lisa:Jennie, ငါပြောတာ နားထောင်ပါအုံး

Jennie:မဟုတ်သေးဘူး ငါ့ဘက်က ဘာမှ နားထောင်နေစရာ မလိုတော့ဘူး အကုန် ပြီးသွားပြီ အားလုံးပြီးသွားခဲ့ပြီပဲ ပြီးတော့ နင့်ပါးစပ်က ထွက်သမျှစကားလုံးတွေကို ငါမကြားချင်ဘူး နင့်ကို မယုံတော့ဘူး

သူမ စကားတွေက နာကျင်ဖို့ကောင်းသည်။
ကျွန်မကို နက်နက်ရှိုင်းရှိုင်းနာကျင်စေတယ်။
'အားလုံးပြီးသွားခဲ့ပြီ' ဆိုတဲ့စကားလုံးတွေက ငရဲတမျှ နာကျင်စေသည်။

LiLi's One and Only GirlWhere stories live. Discover now