Chapter-4

4.9K 392 5
                                    

Zawgyi

Chapter 4 - နင့်ကိုယ်နင် သိတာထက် ငါက နင့်ကို ပိုသိတယ်

Jennie's POV

နောက်ဆုံးတော့ Clause တွေ အကုန် ဖတ်လို့ ပြီးသွားခဲ့ပြီ လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့ ညနေ ၆ နာရီတောင် ရှိသွားပြီပဲ

တချို့ Clause တွေနဲ့ ပတ်သက်ပြီး သူနဲ့ ငြင်းခုန်ကြည့်ပေမဲ့ မရဘူး သူ့လို Beast နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ကျွန်မ မကြိုက်တဲ့ Clause တွေကို သွားပြောတိုင်း သူက 'ဟုတ်လား ဘာဖြစ်လို့လဲ' ဆိုတဲ့ အကြည့်နဲ့ပဲ ပြန်ကြည့်ပြီး မသိသလို ဟန်ဆောင်နေတတ်တယ်

အဲ့စာချုပ်ထဲမှာ Clause ပေါင်း ၃၀၀ လောက်ရှိတယ် တစ်ခုချင်းစီကိုလဲ အသေးစိတ် ရှင်းပြထားတယ် အချက်တိုင်းကလဲ သူနဲ့ မလွတ်တဲ့ဟာတွေချည်းပဲ

ကျွန်မတော့ အရမ်းပျင်းနေပြီ သူက ဘာမှ လုပ်စရာ မပေးဘူးလေ

Jennie:နင့် အလုပ်ပြီးတော့မှာလား

Lisa:နောက်ထပ် ၂ မိနစ်လောက်ပဲ Baby NiNi
ခဏနေရင် ပြန်မယ်လေ

သူက အလုပ်လုပ်ရင်း ပြန်ဖြေနေတာဆိုတော့ ကျွန်မကို မမြင်နိုင်ပေမဲ့လဲ ကျွန်မ ခေါင်းညိမ့်ပြလိုက်တယ်

ထိုင်နေရာက ထပြီး 'အာ' သန်းလိုက်သည် ခန္ဓာကိုယ်အကြောတွေ ဖြေလျော့ဖို့အတွက် လက်နှစ်ဖက်ကို အပေါ်မြှောက်ပြီး အားပါးတရ အကြောဆန့်လိုက်သည်။ အကြောဆန့်ရင်း သူ့ဆီ ကြည့်လိုက်တော့
သူက သားကောင်စားချင်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်မတစ်ကိုယ်လုံးကို အပေါ်အောက် လိုက်ကြည့်နေတယ် သူက ချက်ချင်းပဲ Laptop ဆီကို အကြည့်ပြန်လွှဲလိုက်သည် ကျွန်မလဲ အကြောဆန့်လိုက်လို့ အပေါ်နည်းနည်းမြှောက်တက်ပြီး ပုံမကျဖြစ်သွားတဲ့ အင်္ကျီကို သပ်သပ်ရပ်ရပ် ပြန်လုပ်ရသည်

ခဏနေတော့ သူက သူ့ဖုန်းနဲ့ သူ့ပစ္စည်းတွေကို ယူနေတော့ ကျွန်မလဲ ကျွန်မ အိတ်ကို ကောက်ကိုင်လိုက်ပြီး နှစ်ယောက်လုံး ရုံးခန်းအပြင်ထွက်တော့မဲ့ အချိန်မှာပဲ သူက ရပ်သွားပြီး

Lisa:နင် အရွယ်ရောက်ပြီး တော်တော် ထွားလာတာပဲ Baby NiNi

သူက ပြောရင်းဆိုရင်းနဲ့ ကျွန်မကို အနောက်က နံရံဆီ တွန်းပို့လိုက်ပြီး ကျွန်မ လက်နှစ်ဖက်လုံးကို သူ့လက်နဲ့ကိုင်ပြီး ကျွန်မခေါင်းအထက်မှာ မြှောက်ပင့်ထားသည် သူ့မျက်လုံးကို စိုက်ကြည့်လိုက်ပြီး

LiLi's One and Only GirlWhere stories live. Discover now