Chapter-13

4.3K 363 33
                                    

Zawgyi

Chapter 13- တော်ပါတော့ LiLi ! နင်က Beast တစ်ကောင်လိုကို ဖြစ်နေပြီ!

Lisa's POV

Jennie ထွက်သွားတော့ အခန်းထဲမှာ သူမ အဖေနဲ့ ကျွန်မ နှစ်ယောက်ထဲပဲ ကျန်ခဲ့တယ်။

Uncle:အဲ့ဒါဆို မင်းတို့နှစ်ယောက်က ပြန်တွဲနေကြပြီပေါ့

Lisa:ဟုတ်

Uncle:ငါပြောမယ် Lisa..လွန်ခဲ့တဲ့ ၉ နှစ်က မင်းတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ငါမသိဘူး ငါ့သမီးက တစ်နေ့ကျ လာပြောတယ် မင်းတို့ပြတ်သွားကြပြီတဲ့ ဒီလိုအနေဝေးတဲ့ Relationship က အဆင်မပြေဘူးတဲ့ မင်းတို့ပြတ်သွားပြီးနောက်ပိုင်း.... မဟုတ်သေးဘူး မင်းတို့ဘွဲ့ယူပြီးတဲ့ နှစ်ကတည်းက Jennie ကို ကြည့်ရတာ တစ်ခုခုဖြစ်နေပုံပဲ မျက်နှာလဲ မကောင်းဘူး အမြဲတမ်းပျော်ရွှင်နေတတ်တဲ့ ကောင်မလေးမဟုတ်တော့ဘူး ငါထင်ခဲ့တာတော့ မင်းကို လွမ်းလို့ မျက်နှာ မကောင်းဘူးထင်ခဲ့တာ
တကယ်တော့ မဟုတ်လောက်ဘူး မင်းတို့ကြားထဲမှာ ပြဿနာတစ်ခုခုရှိကို ရှိရမယ်
အဲ့ဒါဘာလဲဆိုတာတော့ ငါလဲ မပြောတတ်ဘူး
ပြောချင်တာကကွာ မင်းကို ယုံကြည်ခဲ့တယ် ဒါပေမဲ့ Jennie ကို ခံစားရအောင်လုပ်ပြီး ထားပစ်ခဲ့တာ အဲ့လိုမျိုး ထပ်မဖြစ်စေချင်ဘူး
ငါ့သမီးကို ဒီတစ်ခါ ငိုရအောင် ထပ်လုပ်ရင် မင်းအရိုးတွေကို ချိုးပစ်မယ်

Lisa:ကျွန်မ သူမ အသည်းကို မခွဲပါဘူးလို့ ကတိပေးနိုင်ပါတယ် အရင်နှစ်တွေတုန်းကလဲ ဘယ်တုန်းကမှ သူမကို ခံစားရအောင်လုပ်ဖို့ စိတ်ကူးကို မရှိခဲ့တာပါ သူမကိုလဲ စောင့်ရှောက်ပေးမှာပါ

Uncle:အရင်တုန်းကလဲ အဲ့လိုမျိုးတွေ ပြောခဲ့တာပဲလေ နောက်ဆုံးတော့ ငါ့သမီးပဲ အသည်းကွဲကျန်ရစ်ခဲ့ရတာ Jennie က နောက်ထပ် တစ်ယောက်ထားကြည့်ဖို့တောင် မကြိုးစားခဲ့ဘူး အရင်နှစ်က တွဲခဲ့တဲ့ တစ်ယောက်နဲ့ကလဲ အဆင်မပြေခဲ့ဘူး
သူမပဲ ခံစားနေရတာ.. ငါပြောချင်တာ မင်းနားလည်ရဲ့လား

Lisa:ဟုတ်ကဲ့ ကျွန်မနားလည်ပါတယ် ပြီးတော့ တောင်းပန်ပါတယ် တကယ် တောင်းပန်ပါတယ်

Uncle:မင်းတောင်းပန်တာက ဘာမှလုပ်လို့မရဘူးကွ

Lisa:ကျွန်မကို အခွင့်အရေး တစ်ခါလောက်ထပ်ပေးပါ တစ်ခါထဲပါ!

LiLi's One and Only GirlWhere stories live. Discover now