Chapter-24

3K 316 18
                                    

Zawgyi

Chapter-24

Jennie's POV

နိုးလာတော့ အလင်းရောင်စူးစူးက ကြိုဆိုနေသည်။
မနေ့ညက ငိုရင်းနဲ့ အိပ်ပျော်သွားတာနေမှာ။

ဘေးနားကို ဆတ်ခနဲလှည့်ကြည့်တော့ သူမရှိဘူး
မနေ့ညကတည်းက သူပြန်လာမှာကို
စောင့်နေခဲ့ပေမဲ့ အခုထိ နေရာက ကွက်လပ်
ဖြစ်နေတုန်းပဲ

အိပ်ရာကနေ ထပြီး

Jennie:LiLi!

ပြန်ဖြေသံမကြားရဘူး

ဧည့်ခန်းထဲ သွားရှာကြည့်တယ် သူမရှိဘူး

Jennie:LiLi ဘယ်မှာလဲဟင်

ထမင်းစားခန်းထဲ ဝင်ကြည့်တယ် သူမရှိပြန်ဘူး

တစ်အိမ်လုံးကို ပတ်ရှာတယ် အော်ခေါ်ကြည့်တယ်
ပြန်ဖြေသံလဲ မကြားသလို သူ့အရိပ်တောင် ရှာမတွေ့ဘူး

ဒါဆို မနေ့ညက လုံးဝအိမ်ပြန်မလာတာလား

နာကျင်ရပေမဲ့ ကျွန်မအပြစ်တွေမို့...

အိပ်ခန်းထဲ ပြန်သွားပြီး ဖုန်းသွားယူတော့ ဖုန်းဘေးနားမှာ စာရေးထားခဲ့တာလေးတွေ့တယ်

"အရေးကြီးကိစ္စရှိလို့ ပဲရစ်ကို ငါသွားရမှာ
သွားခါနီးကျမှ သိရလို့ ငါလဲ အသိနောက်ကျတယ် နင်အိပ်နေတာမြင်လို့ မနှိုးတော့တာ နောက်နှစ်ရက်နေရင် ပြန်လာခဲ့မယ် ချယ်ယောင်းနဲ့ Shopping လေး ဘာလေးထွက်ပေါ့ ဒီနှစ်ရက်အတွင်း လုပ်ချင်တာရှိရင်လဲ လုပ်ပြီး အဆင်ပြေသလိုနေပါ ဂရုတစိုက်လဲ နေပါ - ချစ်ရတဲ့ LiLi"

ဘာကြောင့်မှန်း မသိ မျက်ရည်က ကျလာသည်
သူဒီလို ထွက်သွားတာကြီးကို မကြိုက်ဘူး
သူ့ဆီဖုန်းခေါ်ကြည့်တော့လဲ စက်ပိတ်ထားတယ်တဲ့
ထပ်ခါထပ်ခါခေါ်လဲ စက်ပိတ်ထားတာနဲ့ပဲ
တိုးနေတာမို့ နောက်ဆုံး လက်လျှော့လိုက်တယ်

နှစ်ရက်နေရင် ပြန်လာမယ်ဆိုတာ သိပေမဲ့လဲ အခုကိုပဲ သူနဲ့ ပြဿနာတွေအကုန်ရှင်းပစ်ချင်တာ သူပြန်လာတဲ့အထိ မစောင့်ချင်ဘူး ဒါမဲ့လဲ ကျွန်မအတွက်က စောင့်ရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ

မျက်ရည်တွေသုတ်ကာ ကုတင်ပေါ်လဲချပြီး စဉ်းစားရပြီ

ကျွန်မဘာလုပ်သင့်လဲ ဘယ်သူနဲ့တိုင်ပင်ရမလဲ

LiLi's One and Only GirlWhere stories live. Discover now