Zawgyi
Chapter 14 - Baby NiNi..နင့်ကို Crazy ဖြစ်တာမှန်ပေမဲ့ ငါဟာ ဘာမှမသိတဲ့ အူတူတူ အ,တတ အရူးတော့ မဟုတ်ဘူး
Jennie's POV
Jennie:ငါ့ကို အပြစ်ပေးမယ်ဆိုတာ ဒါကိုပြောတာလား
သူအလုပ်သွားရင် ဝတ်လေ့ရှိတဲ့ ရှပ်အင်္ကျီကော်လံလက်ရှည်ကို
ဝတ်ထားရင်းမေးလိုက်သည်။ သူက Sport Bra နဲ့ ဘောင်းဘီတိုဝတ်ထားရင်း ကျွန်မရှေ့မှာ ရပ်နေတာမို့ သူ့ရဲ့ abs တွေကို သေချာမြင်ရသည်။*Damn!သူပုံစံက အရမ်း hot နေတာပဲ*
သူက ကျွန်မကို အပေါ်အောက် သေချာကြည့်နေသည်။
Lisa:မဟုတ်သေးဘူး ဒါက အပြစ်ပေးဖို့ရာအတွက် အစပဲ ရှိသေးတယ်
သူ့ပြုံးနေပုံအရ ဘာလုပ်ခိုင်းအုံးမှာလဲ မသိဘူး
Jennie:LiLi...ဒီအပြစ်ပေးတယ်ဆိုတာ တကယ်လို လို့လားဟာ
သူက ပြုံးရင်း
Lisa:Oh..လိုတာပေါ့ Baby NiNi..အဲ့တာက ပျော်ဖို့ကောင်းတယ်လေ မဟုတ်ဘူးလား ပျော်ဖို့ကောင်းတယ်ဆိုတာကကွာ အခုကိုပဲ နင့်ပုံစံက စိတ်တိုနေပြီလေ နင်စိတ်တိုနေတဲ့အချိန်ဆို ငါသဘောကျတယ်
ဘာလို့ဆို ကတ်ကတ်လန်စွာပြီး အရမ်းပြောရခက်တဲ့ နင့်ပုံစံက Wild Cat လိုပဲ sexy ကျတယ် ပြီးတော့ နင်ဒေါသထွက်တဲ့အခါ
ငါ့ကို 'LiLi' ဆိုပြီး ခေါ်တဲ့အသံကလဲ အရမ်းဆွဲဆောင်မှုရှိတယ်သူက ကျွန်မ အနားပိုကပ်လာသည်။
*Oh shit! ဒါမျိုးလုပ်ရတာ သူတကယ်ပဲ ပျော်ဖို့ကောင်းတယ်ထင်နေတာလား တကယ့်ပျော်စရာဆိုတာက ဘာလဲဆိုတာ သူသိအောင် ပြအုံးမယ်*
Jennie:Yeah..အရမ်းပျော်စရာကောင်းတာပဲ
Lisa:ဒါနဲ့ နင် ငါ့အင်္ကျီဝတ်ထားတော့ အရမ်း hot နေတယ်
သူက ကျွန်မလက်ကို ဆုပ်ကိုင်ပြီး အခန်းပြင်ကို ဆွဲခေါ်လာသည်။
Jennie:နင်ငါ့ကို ဘယ်ခေါ်သွားမလို့လဲ Wait! ငါ့ကို နင့်ရှေ့မှာ အက ကပြခိုင်းမလို့တော့ မဟုတ်ပါဘူးနော်
Lisa:အဲ့အကြံလေးလဲ မဆိုးဘူးပဲ ဒါပေမဲ့ ငါတခြား စိတ်ကူးထားတာတွေ အများကြီးရှိသေးတယ် နောက်တစ်ခေါက်ကျမှပဲ ကပြခိုင်းတော့မယ်
YOU ARE READING
LiLi's One and Only Girl
RomanceNot Mine Original Title - His Very Personal Assistant Original Writer - sweetchoclate9