Zawgyi
Chapter-21
လွန်ခဲ့သော ၁၀နှစ်က
Jennie's POV
Dad:သမီး
Jennie:ဟုတ် အဖေ
အဖေက စိုးရိမ်နေပုံပေါ်သည်
Dad:ငါ့သမီးလေး အဆင်ပြေရဲ့လား
ကျွန်မ မညာချင်ပါ
Jennie:မပြေဘူး အဖေ
လွန်ခဲ့တဲ့ နာရီပိုင်းက အဖြစ်အပျက်တွေ ပြန်စဉ်းစားမိတော့ မျက်ရည်တွေ ဝဲတက်လာပြန်ပြီ
Dad:သမီးလေး ဘာကိစ္စပဲဖြစ်ဖြစ် အဖေ့ကို ပြောပြလို့ရတယ်နော် Lisa များ တစ်ခုခုလုပ်လိုက်လို့လား
LiLi နာမည်ကြားရုံနဲ့တင် ငိုချင်လာပြန်တယ်
ဘာလို့များလဲ LiLi ဘာကြောင့်များ ငါ့အပေါ် ရက်စက်ရတာလဲ ငါက သူ့အတွက် sex သာသာပဲလား
ငါ့ခံစားချက်တွေကို သူတခါလေးတောင်မှ ထည့်စဉ်းစားခဲ့ဖူးရဲ့လားသေချာပါတယ် ငါ့အတွက် မစဉ်းစားပေးခဲ့လောက်ပါဘူး
ပုခုံးပေါ် လာတင်တဲ့ အဖေ့လက်ကြောင့် အတွေးတွေ ရပ်တန့်သွားတယ်
Jennie:မဟုတ်ပါဘူး အဖေ သူဘာမှ မလုပ်ပါဘူး
ဒီနေရာကနေ ခွဲရတော့မှာမို့ ဝမ်းနည်းနေတာပါအိမ်ပြန်ရောက်တော့ ပစ္စည်းတွေ အကုန်ထုပ်ပြီးသားမို့
ထွက်ခွာဖို့ အသင့်ဖြစ်နေပြီDad:အဖေ့ကို ဖက်ပါအုံး သမီးလေး
အားလုံးအဆင်ပြေသွားမှာနော် ဘာမှ စိတ်မပူနဲ့ ဟုတ်ပြီလား Lisa နဲ့ ခွဲရမှာမို့ လွမ်းနေမှာကို စိတ်မကောင်းဖြစ်နေတာလား*သူ့ကို လွမ်းနေမှာ? ဒါပေါ့ အရမ်းလွမ်းနေမှာ
သူကရော ငါ့ကို လွမ်းနေမလား? ဟက်...ငါလဲ ရူးကြောင်ကြောင်တွေ တွေးနေပြန်ပြီ သူက ဘာလို့ လွမ်းမှာလဲ*သူ့ဆီကို သွားပြီး လောင်းကြေးအကြောင်းလဲ သွားမမေးချင်တော့ဘူး ကျွန်မကို လှောင်ရယ်နေတော့မှာ သေချာတယ် ကျွန်မ ထပ်မခံစားနိုင်တော့ဘူး
LiLi ဖုန်းခေါ်နေတာ မမြင်ချင်တော့လို့ ဖုန်းကို စက်ပိတ်လိုက်သည်။
Dad:သိပ်လဲ ဝမ်းမနည်းပါနဲ့ သူနဲ့ အမြဲတမ်း ဖုန်းပြောလို့ရပါတယ် အဖေတို့ဆီကိုလဲ လာလည်ချင်ရင် လည်လို့ရတယ်လေ သမီးပြောသလို New York မှာ စာဆက်သင်တာမျိုး သူမလုပ်နိုင်ရင်တောင်မှ သူသမီးကို ဆက်ချစ်နေအုံးမှာပါ ဘာလို့ဆို သူ့မျက်လုံးထဲမှာ အချစ်စစ်တွေကို အဖေ မြင်နေရတယ်
YOU ARE READING
LiLi's One and Only Girl
RomanceNot Mine Original Title - His Very Personal Assistant Original Writer - sweetchoclate9