Chapter-15

8.2K 463 118
                                    

Zawgyi

Chapter 15-ငါ့နက်ခ်တိုင်ကို ချည်ပေး။

Jennie's POV

ကျွန်မ ဆံပင်တွေကို တစ်ယောက်ယောက်ကိုင်ပြီး ဆော့နေသလိုပဲ ပြီးတော့ နဖူးပေါ်ကိုလဲ အနမ်းတစ်ခုကျရောက်လာတယ်။

Lisa:Baby NiNi..ထတော့လေ မနက် ၇ နာရီတောင် ရှိနေပြီ

အသံကြားရုံနဲ့တင် ဘယ်သူမှန်းသိနေပါပြီ
မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့မျက်နှာနဲ့က အရမ်းနီးကပ်လွန်းနေတယ် ကျွန်မတို့နှစ်ယောက် တခဏတာ အကြည့်ချင်းဖလှယ်နေကြသည်။
သူ့လက်က ကျွန်မပါးပြင်ကို အသာအယာပွတ်သပ်ပေးနေသည်။

Jennie:Good Morning...

လှဲနေရာကနေ ထလိုက်တော့ သူကပါ လိုက်ထရင်း

Lisa:Good Morning Baby..

Jennie:LiLi~~နင့်ကို တစ်ခုလောက်မေးလို့ရမလား

Lisa:အင်း ရတယ်လေ ဘာနေနေ မေးပါ

Jennie:မနေ့ညက ငါ့ကို အပြစ်ပေးတဲ့အနေနဲ့
ဘာလို့ နင့်ရဲ့ အင်္ကျီကို ဝတ်ထားခိုင်းပြီး နင့်အကြိုက်ဟင်းကို ချက်ခိုင်းရတာလဲ

တခြားအရာတွေ သူလုပ်ခိုင်းလို့ရတာ အများကြီးရှိပါလျက်နဲ့ ဘာလို့ အဲ့လိုမျိုး အပြစ်ပေးတာလဲဆိုတာ သိချင်နေမိတယ်။

သူက မဖြေခင် ကျွန်မကို ခဏလောက် စိုက်ကြည့်နေပြီးမှ

Lisa:အဲ့ဟင်းက....... နင်သိတဲ့အတိုင်းပဲ ငါအရမ်းကြိုက်တယ်လေ ငါ့အတွက် နင်ချက်ပေးတာကို နင်နဲ့အတူ စားချင်မိတာ
အရင်အချိန်တွေတုန်းကလိုပေါ့

ဖြေရခက်တဲ့ မေးခွန်းတစ်ခုဖြေနေရသလိုပဲ သူ့ဂုတ်ကိုသူ နေရထိုင်ရခက်စွာ ပွတ်သပ်နေရင်း
သူ့မျက်နှာမှာလဲ ရှက်ယောင်သန်းနေသည်။

Jennie:LiLi..နင့်ပါးတွေ နီနေတယ် မဟုတ်မှလွဲရော နင်ရှက်နေတာလား

သူ့ကိုပြုံးနေရင်း မေးလိုက်တော့ သူ့ခေါင်းက ချက်ချင်းထောင်လာသည်။

Lisa:မဟုတ်ပါဘူး ငါမရှက်ဘူးရယ်!

ဇွတ်ငြင်းနေတဲ့ သူ့ကိုကြည့်ရင်း အူယားလာသည်။
သူ ရှက်တယ်ဆိုတာ တွေ့ရခဲတယ် ကျွန်မနဲ့ အတူရှိနေမှပဲ တွေ့ရတတ်တာ။

LiLi's One and Only GirlWhere stories live. Discover now