Chapter-30

2.8K 320 11
                                    

Zawgyi

Chapter-30

Jennie's POV

ရှေ့မှာ မြင်နေရတဲ့ အိမ်ကို ကြည့်ပြီး အံ့သြမိသည်။
ဒီအိမ်ပဲလေ ကျွန်မတို့နှစ်ယောက်ရဲ့ အမှတ်တရတွေ
အများကြီး ဖန်တီးခဲ့တဲ့ အိမ်လေး

Lisa: အထဲ ဝင်ရအောင်

ည ၈နာရီ ထိုးပြီ အိမ်ဘေး တဝိုက်မှာ မီးလုံးသေးသေးလေးတွေ လင်းနေတယ် အရင်ကထက်လဲ သစ်ပင်တွေ ပိုများလာတယ် ဟိုးအရင်က အပင်ပေါက်လေးတွေက အခုဆို ဧရာမ သစ်ပင်ကြီးတွေ ဖြစ်နေပြီ

ပတ်ဝန်းကျင်ကို အကုန်လိုက်ကြည့်ပြီးနောက်

"အများကြီး ပြောင်းလဲသွားတာပဲ"

သူ တံခါးဖွင့်ပေးသည်။

Lisa:အတွင်းပိုင်း မပါဘူး

သူပြောတာ မှန်တယ် အထဲမှာ ဘာမှ မပြောင်းလဲသေးဘူး

ကျွန်မလက်ကို ကိုင်ကာ တပတ်လည်စေသည်။
မျက်လုံးချင်းအကြည့်ဆုံတဲ့ တခဏ ပတ်ဝန်းကျင်ဟာ ငြိမ်သက်နေသည်။

သူ့ဘက်က ငုံ့နမ်းလာ၍ အနမ်းတို့ စတင်ချိန်မှာတော့
ရင်ထဲ တခဏ လှိုင်းထသွားတယ်

အနမ်းသည် တဖြည်းဖြည်း အရှိန်လာသည်နဲ့ ကြမ်းတမ်းလာသည်။

ရုတ်တရတ် သူ ရပ်တန့်သွားတာမို့

"ဘာဖြစ်လို့လဲ"

Lisa:ဒီချိန်မှာ မရပ်ရင် မပြီးဆုံးနိုင်ဘဲ နေလိမ့်မယ်

"ဘယ်သူက ရပ်ခိုင်းလို့လဲ"

Lisa:မဟုတ်ဘူး Baby..အချိန်တွေ အများကြီးရှိတယ်
အခုတော့ မဟုတ်သေးဘူး လာ ငါနဲ့ လိုက်ခဲ့

အပေါ်ထပ်သို့ ရောက်လာပြီးနောက် အခန်းတခု အရှေ့မှာ ရပ်လိုက်သည်။

Lisa:အထဲ ဝင်ပြီး အဆင်သင့်ဖြစ်အောင် လုပ်တော့
နောက်တနာရီအတွင်း date လုပ်ဖို့ ရှိတယ်
၉နာရီထိုးရင် နင့်ကို လာခေါ်မယ်

"ကောင်းပြီလေ"

ကျွန်မကို တချက် ဖိကပ်နမ်းပြီးနောက် အထဲသို့ ဝင်စေသည်။ သူလဲ ထွက်သွားချေပြီ။

ကုတင်ပေါ်မှာ ခဲရောင်ကြိုးတွေနဲ့အလှဆင်ထားတဲ့
ခရမ်းရောင်ဘူးလေးကို အရင်တွေ့ရသည်။
အဖုံးဖွင့်ကြည့်လိုက်တော့ အပြာရင့်ရောင်
ဘီကီနီ အပေါ်အောက်စုံလိုက်ကို တွေ့ရတယ်
ဟိုးအရင်နှစ်တွေက အပြာရောင် Dress လေး
ဘူးထဲ ထည့်ပေးဖူးတယ် အခုတော့ ဘီကီနီ

LiLi's One and Only GirlWhere stories live. Discover now