Chapter-28

3.7K 336 9
                                    

Zawgyi

Chapter-28

Jennie's POV

"ဘာလုပ်ခိုင်းမှာလဲ"

Lisa: မဟုတ်လဲ ခဏနေ သိရမှာပဲကို

"မရဘူး ပြော"

Lisa: နိုးး မပြောဘူး

သူ့အထပ်ရောက်ပြီမို့ ကျွန်မလက်ကို ဆွဲကိုင်ပြီး
ဓာတ်လှေကားထဲကနေ ထွက်သွားသည်။

အခန်းထဲရောက်တော့ အဝတ်လဲခန်းထဲ တန်းသွားပြီး ခဏနေတော့ အပေါ်ကုတ်ချွတ်လျက်ပြန်ထွက်လာသည်။
ရှပ်အင်္ကျီကို ကြယ်သီးတွေ တခုချင်းဖြုတ်ရင်း ကျွန်မဆီ လမ်းလျှောက်လာပုံက ကျွန်မစိတ်ကို မငြိမ်မသက်ဖြစ်စေတယ်

ကျွန်မကို ခါးကနေ ဆွဲဖက်လိုက်ပြီး သူ့နား ကပ်စေလိုက်တဲ့အခါ အသက်ပြင်းပြင်း ရူမိသည်။

"LiLi"

ကျွန်မ လည်ပင်းမှာ တချက် နမ်းရှိုက်လိုက်ပြီးမှ

Lisa: ဘာလို့ သူနဲ့ အဲ့လောက် နီးကပ်ပြီး ကနေရတာလဲ

အဖြေကို သိရဲ့သားနဲ့ တမင်မေးနေတာပဲ
လည်ပင်းကို စုတ်သပ်တော့ အသံညှင်းညှင်း ထွက်မိသည်။

Lisa: နင့်ကို ကောင်းကောင်း သင်ပြပေးဖို့ လိုနေပြီ

ရုတ်တရတ် သူက ကျွန်မ အနားကနေ ခွာပြီး ကုတင်ပေါ်သွားထိုင်သည်။

Lisa: နင်က ငါ့ကို ဆွဲဆောင်ချင်နေတာမလား
အဆုံးစွန်ထိ ဆွဲဆောင်ပါ

ကျွန်မလုပ်ရပ်က အဲ့လောက်တောင် သိသာနေလား

"မလုပ်တော့ဘူး ငါအဲ့အစီအစဉ်ကို ဖျက်လိုက်ပြီးသား"

Lisa: ဘယ်လိုလုပ်မလဲ နင်ရှုံးလို့ လုပ်ရမှာကလဲ ဒါပဲ ဖြစ်နေတယ်

သူက သူ့ရှပ်အင်္ကျီကိုတောင် ချွတ်ပြီးနေပြီ

"ဒါပေမဲ့ နင်ပဲ ငါ့ကို ပြောတယ်လေ Sexual ဆန်တာတွေ မခိုင်းဘူးဆို"

Lisa: အဲ့တာက မနေ့ကအတွက် ပြောတာ Baby NiNi..ဒီနေ့အတွက်က ငါ့စိတ်ပြောင်းသွားပြီလေ
ပြီးတော့ ရှုံးတဲ့သူဘက်က တောင်းဆိုပိုင်ခွင့်တွေ
ငါတို့ ကစားထဲက ဘာမှ မလုပ်ထားခဲ့ဘူးလေ

LiLi's One and Only GirlWhere stories live. Discover now