Zawgyi
Chapter 19
Jennie's POV
အိမ်ပြန်ရောက်တော့ LiLi က လက်နှစ်ဖက်ဆန့်ပြ အိပ်ရာပေါ်တန်း ပက်လက်လန်လဲချလိုက်တာ သူလဲ တစ်နေကုန်ပင်ပန်းနေခဲ့မှာပဲလေ အလုပ်တွေတအားလုပ်ခဲ့ရတာကိုး... အခုလဲ party သွားဖို့ပြင်ဆင်ရအုံးမယ် အဲ့တာကြောင့်မို့ အခု ၅နာရီလောက်ကို အိမ်ပြန်လာတာ
မျက်လုံးမှိတ်ပြီး အနားယူနေတဲ့သူ့ဘေးနားမှာ
ကျွန်မလဲ လှဲအိပ်ပြီး သူ့ပုခုံးလေးတွေကိုလဲ အညောင်းပြေအောင် နှိပ်ပေးချင်လိုက်တာ ဒါမဲ့ မလုပ်ပါဘူး အခုတော့ ဒီတိုင်းပဲ ရပ်ကြည့်နေတယ်Jennie:LiLi နင်အဆင်ပြေရဲ့လား
မျက်လုံးဖွင့်ပြီး မေးထောက်ကာ ကျွန်မကို ကြည့်ပြီး
Lisa:မပြေဘူး
သူရှိရာ ကုတင်နား နီးကပ်စွာရပ်ကာ
Jennie:ငါကူညီပေးနိုင်တာ ရှိလား နင့်ကြည့်ရတာ ပင်ပန်းနေတယ်
Lisa:ရှိပေမဲ့ အခုတော့ မဟုတ်သေးဘူး ဒီည ငါနိုင်ဖို့ထိ စောင့်အုံးမယ်
*သူပြုံးလိုက်တဲ့ အပြုံးကြီးကလဲ ကြက်သီးထစရာကောင်းလိုက်တာ*
Jennie:အာ...ငါပြောတဲ့ အကူအညီလိုလားဆိုတာကို မပြောခဲ့ဘူးသဘောထားလိုက်။ငါပြောတာ မှားသွားတာ ဘာမှ မဟုတ်တော့ဘူး
လှည့်ထွက်တော့မဲ့အချိန်မှာ ကျွန်မလက်ကိုဆွဲလိုက်တော့ သူ့ကိုယ်ပေါ်မှာ လဲကျသွားတယ်
*သူ့ကြည့်တော့ စပ်ဖြီးဖြီးနဲ့ မျက်နှာပိုးကို မသေဘူး*
Jennie:LiLi!!
သူ့ပေါ်ကနေ ထမလို့လုပ်တော့ သူက ပိုပြီးတင်းကြပ်စွာ ဖက်တယ်။Lisa:နင့်ကို လွှတ်ပေးမှာ မဟုတ်လို့ ရုန်းမနေနဲ့တော့
နဖူးကို အနမ်းပေးကာ ကျွန်မကို သူ့ကိုယ်ပေါ်ကနေ ဘေးကို ချပြီး မျက်နှာချင်းဆိုင် ဘေးတစောင်းဖက်ထားသည်။
*အဆင်ပြေသွားမှာပါ Jennie..ခဏပါပဲ သူ့ကြောင့် စိတ်မယိုင်သွားစေနဲ့ စိတ်ထိန်းထား*
လည်ပင်းနားမှာ ခေါင်းအပ်ကာ ကျွန်မလက်ကို သူ့ခေါင်းပေါ်တင်စေသည်။လည်ပင်းမှာ ပေးလိုက်တဲ့ သူ့အနမ်းတစ်ချက်ကြောင့် မျက်လုံးတွေမှိတ်ထားမိသည်။
YOU ARE READING
LiLi's One and Only Girl
RomanceNot Mine Original Title - His Very Personal Assistant Original Writer - sweetchoclate9