Chapter-26

2.9K 340 24
                                    

Zawgyi

Chapter-26

Lisa's POV

Lisa:လက်မှတ်မထိုးခင် စာချုပ်ထဲက အကြောင်းအရာတွေ အကုန်ဖတ်ကြည့်ပါအုံးမယ်

Rick:ရပါတယ် အဆင်ပြေသလိုလုပ်ပါ

Rick ဆိုတာ ပဲရစ်က Hardwood company ရဲ့ CEO

Lisa:ဒါဆို လုပ်စရာလေးတွေ ကျန်သေးလို့ ကျွန်မ ပြန်လိုက်ပါအုံးမယ်

Rick:ကောင်းပါပြီ Lisa shi နဲ့ အလုပ်တွဲလုပ်ခွင့်ရဖို့လဲ မျှော်နေပါ့မယ်ဗျ

Lisa:ဟုတ်ကဲ့ပါ

သေချာ လက်ဆွဲနှုတ်ဆက်ပြီး ပြန်ခဲ့သည်။
ကားပေါ်အရောက်မှာပဲ Ryan ဆီက ဖုန်းဝင်လာသည်။

Ryan:ဟေး မင်းဘယ်ရောက်နေတာလဲ

Lisa:ပဲရစ်မှာ

Ryan:ဟုတ်လား Um..ဘယ်တော့ ပြန်လာမှာလဲ

Lisa:စာချုပ်ကိစ္စကတော့ အဆင်ပြေသွားပြီ
ငါက ၂ရက်လောက် အချိန်ပေးရမယ် ထင်နေတာ
စောစောပြီးသွားတယ်ဆိုတော့လဲ ဒီနေ့ညပဲ ပြန်လာမလားလို့

Ryan:မလာခဲ့နဲ့

Lisa:ဘာလို့လဲ တစ်ခုခုဖြစ်လို့လား

Ryan:အဲ့...အဲ့တာကလေ ငါ...ငါလဲ ပဲရစ်ကို ဒီနေ့ လာမလို့

Ryan က စကားတွေ ထစ်နေပါလား ထူးဆန်းတယ်

Lisa:ဘာဖြစ်နေတာလဲဆိုတာ ငါ့ကို သေချာပြော!

တဖက်က သက်ပြင်းချသံကြားပြီးမှ

Ryan:မင်းနဲ့ Jennie နဲ့ မနေ့ညက ရန်ဖြစ်ကြသေးလား

သူက ဘယ်လိုသိတာလဲ

Lisa:ငါကတော့ အဲ့တာကို ရန်ဖြစ်တယ်လို့တောင် မသတ်မှတ်ထားဘူး ဒါနဲ့ မင်းက ဘယ်လိုလုပ်သိတာလဲ

Ryan:အဲ့တာ နောက်ပြီးကျမှ ပြောပြမယ် ကိစ္စအရင်ရှင်းအောင် မလုပ်ဘဲ မင်းဘာလို့ ပဲရစ်ကို ထွက်ပြေးသွားလဲဆိုတာသာ အရင်ပြော

Lisa:ငါထွက်ပြေးတာမဟုတ်ဘူး သူတို့က ခေါ်တာ
ငါလဲ ငြင်းသေးတယ် ဘယ်လိုမှ မရလို့ မနက်ဖြန်အမှီ ငါကိုယ်တိုင် လာဖို့လိုတယ်ဆိုလို့ ပဲရစ်ကို ရောက်သွားတာ
ဒီနေ့ည ပြန်လာတော့မှာဆိုတော့ ဘာမှမဖြစ်တော့ပါဘူး
Jennie ရော အဆင်ပြေရဲ့လား

LiLi's One and Only GirlWhere stories live. Discover now