နေနှစ်စင်းရဲ့ ချစ်ခြင်းတရား(36)

311 49 7
                                    

အခန်းဆောင်ထဲကနေ ခပ်တိုးတိုးလေး
ပျံ့လွင့်နေတဲ့ ဗျက်စောင်းအသံက ကျန်အိမ်တော်ရဲ့ ညခင်းကို တစ်ဖန်အသက်ဝင်စေပြန်သည်။

ယောလ် မျက်စိရှေ့က ကြွေရုပ်လေးရဲ့ လက်ချောင်းသွယ်သွယ်တို့လှုပ်ရှားမှု့ကို မိန်းမောစွာနဲ့ ငေးကြည့်နေမိ၏

နန်းတော်ထဲမှာ ပညာရှင်အချိူ့ရဲ့ တီးခတ်သံစဥ်အမျိုးစုံကို နားယဥ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ဟန်လေးရဲ့ သံစဥ်က ထိုသူတို့နဲ့မတူပဲ ကွဲပြားမှန်း ယောလ်မြင်လာရသည်။

"အကိုတော်.....ဟန်လေး တီးပြတာက်ုသဘောကျရဲ့လား ဟင်"

"အတိုင်းထက်လွန် ပါပဲ.....ကိုယ့်ရဲ့ဟန်လေးက အဲ့လောက်ပါရမီ ပါမှန်းမသိခဲ့ဘူး"

"အို....အဲ့လောက်အထိလည်း မဟုတ်ပါဘူး. အကိုတော်က သိပ်ကို ချီးမွမ်းလွန်းပါတယ်"

ယောလ်ရဲ့စကားကြောင့် နေရခက်နေသော ခလေးငယ်လေးကို ကြည့်ပြီး... ယောလ် တိတ်တဆိတ် ရယ်လိုက်မိတယ်

အခန်းပြတင်းပေါက်ကနေ ကျူးကျော်ပြီးဖြာကျနေတဲ့ လရောင်တစ်ချို့က မျက်စိရှေ့က ချစ်ရသူလေးရဲ့ ကိုယ်ပေါ်ကို အလိုလို ဖြန့်ကျက်ထား၏....

စိမ်းပြာ ရောင် ပိုးသားဝတ်ရုံလေးနဲ့ ဆံစတွေကို ဖြန့်ချထားပြီး ဗျက်စောင်းလေးပိုက်ကာ

ထိုင်နေသော ထိုလူသားပုံလေးက ယောလ်ရဲ့ဝင်သက်ထွက်သက်တို့ကို နှောင့်နှေးသွားစေသည်အထိ လှရက်လွန်း၏...

"ကိုယ့်ရဲ့ ဟန်လေးက သိပ်လှတာပဲ.."

"ဟင်...အကို..အကိုကလည်း... "

ရင်ထဲက စကားတို့က အာမေဋိတ်အသံအဖြစ်နဲ့ထွက်ကျလာတဲ့နောက်..မျက်စိရှေ့က ထိုလူသားလေးကတော့..ခေါင်းလေးကိုငုံ့ကာ...အရှက်သည်းနေတော့သည်။

ယောလ် ဝတ်ရုံကိုအသာ ဆွဲဆန့်ပြီးတာနဲ့ မျက်စိရှေ့က ထိုခလေးရှိရာကို ခပ်ဖြေးဖြေးလေး လျှောက်လာလိုက်ပြီး မြင်လွှာထဲက ကိုယ်လုံးသေးသေးလေးကို အနောက်ကနေ သိုင်းဖက်ထားလိုက်မိသည်။

"အမေ့.....အ အ အကိုတော်....."

နှာဖျားဝမှာ ဝေ့ကျနေတဲ့ဆံစတစ်ချို့ကို
ယောလ်အမြတ်တနိုးနမ်းရှိုက်လိုက်ပြီး ဗျက်စောင်းပိုက်ထားတဲ့ ခလေးငယ်လေးရဲ့ လက်လေးကို အသာဆွဲယူလိုက်သည်။

နေ နှစ်​စင်းရဲ့ ချစ်​ခြင်းတရား. (chanbaek)Zawgyi&unicodeWhere stories live. Discover now